ပညာရေး - Find weekly Horoscope in my blog

March 31, 2016

ပညာရေး

"ပညာရေး
ဗြိစ္ဆာရာသီဖွားတို့သည် နက်နက်နဲနဲတွေးခေါ်
တတ်၍ဆန်းသစ်တီထွင်သောစိတ်ကူးအကြံဉာဏ်ကို
ပိုင်ဆိုင်သည်။ ပညာအတတ်တို့ကို ထွန်းထွန်းပေါက်
ပေါက်လေ့လာဆောင်ရွက်အောင်မြင်မည်။ ဉာဏ်
ပညာထက်မြက်လင့်ကစား ဝါသနာပါရာသန်ရာဘက်
ကို ဦးစားပေးတတ်သည်။ ပညာအတန်းတူထက်အ
ဆင့်(၁)ရသူထက်ပင်ပို၍ ဉာဏ်ပညာမြင့်မားမည်။ နိုင်သည်။
ကိုယ်နှစ်သက်ရာဘာသာရပ်တို့ကို အချိန်ပေး၍ အလေးတယူဆောင်ရွက်သလောက် ရမှတ်အနည်းအ များအပေါ်အလေးထားသူများမဟုတ်၍မိဘအုပ်ထိန်း
သူ၊ ဆရာသမားများမှအားမလို အားမရဖြစ်တတ်သည်။
ပြည်တွင်းသာမက ပြည်ပအတတ်ပညာများအထိလေ့လာအောင်မြင်မည်။ နက်နဲထူးဆန်းသည့်အလုပ်ကိစ္စ
များကိုသာ စိတ်ဝင်စားနေမည်။ ခြင်း ၊
19.2.18မှ 20.3.18 ကြား 21.6.18မှ 20.7.18 ကြား 21.11.18 မှ 20.12.18ကြားကာလများတွင်စိတ်အ
နှောင့်အယှက်များကြုံတတ်သည်။ စိတ်ပျံ့လွင့်မည်။ စာတွင်စိတ်မရှိ။ အပျော်အပါးစိတ်ကစားသောသဘာဝ လွှမ်းမိုးမည်။ ကျန်းမာရေးအညံ့များဖြစ်လွယ်သည်။ မိ သားစုကျန်းမာရေး၊ စီးပွားရေးကြောင့်ပညာရေးတွင်အ ခက်ကြုံမည်။ အနှောင့်အယှက်များမည်။ ချောမွေ့ သည်ဟူ၍မရှိ။ ပညာကိုလိုလိုလားလားနှင့် သင်ကြား လိုစိတ်ရှိလင့်ကစား အကြောင်းအမျိုးမျိုးကြောင့် တစ် ပိုင်းတစ်စဖြစ်တတ်သည်။ ဆရာသမား၊ အကြီးအကဲ များ၏ ငြိုငြင်မှုခံရမည်။ 21.1.18 မှ 18.2.18 ကြား 21.5.18မှ 20.6.18 ကြား 21.10.18 မှ 20.11.18 ကြားကာလများတွင် ရည် မှန်းသလောက်အောင်မြင်မည်။ အနှောင့်အယှက်ကင်း စွာနှင့် လိုရာပြည့်စုံမည်။ စွမ်းအားအပြည့်နှင့်တိုးတက် မည်။ ကိုယ်လုပ်သမျှထွန်းပေါက်မည်။ စာမေးပွဲဖြေဆို
ခြင်းများတွင် ထွန်းထွန်းပေါက်ပေါက်အောင်မြင်မည်။ ပြည်ပအတတ်ပညာများ သင်ကြားတတ်မြောက်မည်။ အခက်အခဲမှန်သမျှကျော်လွှားပြီး အောင်မြင်အောင်
ဆောင်ရွက်နိုင်မည်။ ပညာရေးဦးတည်ချက်များပြောင်း လဲရမည်။ အဆင့်မြင့်ဘွဲ့လွန်အတတ်ဆောင်ရွက်သူ များ အရာရာအောင်မြင်မည်။ လုပ်ငန်းပညာတွဲဖက် ဆောင်ရွက်သူများ အလိုပြည့်မည်။
ယခုနှစ်အတွင်း ပညာရေးအထူးကောင်း သည်။ အဆင့်မြင့်အောင်မြင်မှုများ ရရှိနိုင်သည်။ အ ခြေအနေအရပ်ရပ်ကြောင့် ပညာတစ်ပိုင်းတစ်စရပ် တန့်ထားသူများပင်လျှင် ပညာရေးကိစ္စများဆောင်ရွက် အဆင်ပြေမည်။ အလုပ်တစ်ဖက်၊ ပညာတစ်ဖက်တွဲ ဖက်ဆောင်ရွက်သူများအဖို့ အဆင့်မြင့်အောင်မြင်မှု များရရှိမည်။ စိတ်ကူးသစ်၊ ရည်ရွယ်ချက်သစ်များပေါ် ပေါက်ကာ ပညာရပ်သစ်များကိုဦးတည်ချက်သစ်များ ဖြင့် စတင်သင့်သည်။ ဆရာကောင်းများကြုံမည်။ စစ် မှန်၍အသုံးဝင်သောပညာရပ်များလေ့လာရန်ကြုံမည်။
ဘွဲ့လွန်အတတ်ပညာများလေ့လာရန်ဆောင်ရွက်သူ များအဆင်ပြေမည်။ (A, C, E, S, T, J)အက္ခရာနှင့်စ
သောပြည်ပနိုင်ငံသို့ ပညာရေးကိစ္စစီစဉ်သူများ အလို ပြည့်စုံခြင်း၊ အဆင်ပြေခြင်းရှိမည်။"

No comments:

Post a Comment

Note: Only a member of this blog may post a comment.