လူမှုဆက်ဆံရေး - Find weekly Horoscope in my blog

March 31, 2016

လူမှုဆက်ဆံရေး

"လူမှုဆက်ဆံရေး
ဗြိစ္ဆာရာသီဖွားတို့သည် အပေါင်းအသင်းမိတ် ဆွေများအပေါ် အလွန်အမင်း သည်းခံလိုက်လျော တတ်သည်။ ဆက်ဆံမှုအသိုင်းအဝိုင်း ကျယ်ပြန့်စွာ ထားရှိသည်။ လူမျိုးဘာသာ အလွှာအနိမ့်အမြင့်မရွေး တို့ကို တစ်သားတည်းညီအောင် ဆက်ဆံတတ်သည်။ နှုတ်လုံသည်။ လျှို့ဝှက်သင့်သည့်အရာမှန်သမျှကို အ ခြားသူတို့မှ စိုးစဉ်းမှမသိအောင် ထိန်ချန်ဖုံးကွယ်နိုင် စွမ်းရှိပေရာအပေါင်းအသင်းမိတ်ဆွေတို့၏ရင်ဖွင့်တိုင် ပင်ရသူအနေအထားကို အလိုအလျောက်ရရှိသည်။ ပူးပေါင်းလုပ်သာကိစ္စများတွင် ပြဿနာကြုံကလည်း
ကောင်း၊ ဆုံးရှုံးမှုကြုံကလည်းကောင်း ကိုယ်ကတာဝန် ယူအနစ်နာခံကာ ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်။ အကျိုး အမြတ်ကောင်းများရရှိက တစ်ပါးသူအားဦးစားပေး၍ ပိုပိုသာသာအကျိုးခံစားစခြင်းပြုသည်။ 19.2. I8 မှ 20 .3.18 ကြား၊ 21.6.18 မှ 20.7.18 ကြာ၊
21.8.18 မှ 20.9.18ကြားကာလများတွင်သူတစ်ပါးကြောင့်ပြဿနာများဖြစ်တတ်သည်။ဒုက္ခပေးသောသူ များနှင့်တွေ့တတ်သည်။ ရန်အနှောင့်အယှက်များနှင့် ယှဉ်၍ လုပ်ရမည်။ အတွင်းလူသစ္စာဖောက်မည်။ မနာ လိုရန်ပြုသူပေါများမည်။ ။ 21.1.18မှ 18.2.18 ကြား 21 5.18မှ 20.6.18 ကြား 21.10.18 မှ 20.11.18ကြားကာလများတွင်အလုံးစုံ အဆင်ပြေမည်။ မိတ်ကောင်းဆွေကောင်း အကူအညီ ရမည်။ တွဲဖက်လုပ်သောလုပ်ငန်းများမှ ကောင်းသော အကျိုးဆက်ရရှိမည်။ အနစ်နာခံသူများ၊ ကောင်းကျိုး ပေးသောသူများနှင့်တွေ့မည်။ မိတ်သစ်တိုးပွားမည်။
 ၂၀၁၈-တစ်နှစ်တာအတောအတွင်း
အမည်အက္ခရာ(အ၊ ဥ၊ ဩ)စသောသူများနှင့်တွဲဖက် ပေါင်းသင်း၍ လာဘ်လာဘဥစ္စာဓန တိုးတက်ခြင်းရှိ မည်။ အလုပ်စီးပွားသစ်များချဲ့ထွင်နိုင်မည်။ ပုံစံသစ်
ထွင်၍လုပ်ခြင်းမှ တိုးတက်မှုရမည်။ အပြိုင်အဆိုင်အား လုံးကိုကျော်လွှားပြီး တိုးတက်မည်။ ပူးတွဲလုပ်ခြင်းမှ ကျော်ကြားခြင်းရှိမည်။ အပြန်အလှန်အကျိုးပေးမည်။
အမည်အက္ခရာ (ယ၊ရ၊လ၊၀)စသူများနှင့်ပူးပေါင်းက အဘက်ဘက်မှကောင်းသည်။ တွဲဖက်၍ အကျိုးရှိမည်။ အနစ်နာခံမည်။ ငွေကြေးကိစ္စ၊ စီးပွားကိစ္စများတွင် အ ထူးအကျိုးပေးမည်။ အနွံတာခံမည်။ လာဘ်ပွင့်စေ သည်။ ရည်မှန်းချက်များကို ပြီးမြောက်အောင်ဆောင် ရွက်နိုင်သည်။
အမည်အက္ခရာ (က၊ ခ၊ ဂ၊ ဃ၊င)စသူများနှင့်တွဲဖက် က အကျိုးမပေး၊ ပြဿနာများဖြစ်မည်။ ဒုက္ခပေးမည်။ အမှုဖြစ်တတ်သည်။ စီးပွားဆုံးရှုံးမည်။ အပျက်အစီး များမည်။ မိမိနာမည်ပျက်တတ်သည်။ သိက္ခာထိခိုက် တတ်သည်။ အလွဲသုံးစားလုပ်ခြင်းခံရတတ်သည်။ ပူး ပေါင်းလုပ်သလောက်အကျိုးမရှိ။
အမည်အက္ခရာ(ပ၊ ဖ၊ ဗ၊ ဘ၊ မ)စသာသူများနှင့်ပူး ပေါင်း၍ အကျိုးပေးမည်။ အလုပ်သစ်၊ စီးပွားသစ်များ လုပ်ကိုင်နိုင်မည်။ စိတ်ကူးသစ်၊ အကြံသစ်များပါ ပေါက်မည်။ ယှဉ်ပြိုင်လုပ်သာကိစ္စမှထင်ရှားသောတိုး တက်မှုရမည်။ လူမျိုးကွဲဖြစ်က ပိုမိုအကျိုးပေးမည်။
အမည်အက္ခရာ(စ၊ ဆ၊ ဇ၊ ဈ၊ည)သူများနှင့်ပူးပေါင်း ကမိမိ အပေါ်အနစ်နာခံမည်။ လူမှုရေးအရဖြစ်စေ၊ လုပ်ငန်းစီးပွားအရဖြစ်စေ ကောင်း သာမိတ်ဖက် အ ဖြစ်ရပ်တည်မည်။ ပူးပေါင်းလုပ် ဘာကိစ္စမှ ထူးခြားသော. အကျိုးဆက်ရမည်။ ပြဿနာကြုံက မိမိဘက်မှ ပြက်သားစွာရပ်တည်မည်။
အမည်အက္ခရာ (သ၊ ဟ)စသူများနှင့်ပူးပေါင်းကစိတ် အနှောင့်အယှက်များဖြစ်မည်။ ရန်အတိုက်အခံများဖြစ် မည်။ မိမိကိုအသုံးချသွားတတ်သည်။ အနစ်နာခံမည်မ ဟုတ်။ တွဲလုပ်၍အကျိုးမရှိ။ ဆောင်ရွက်လိုက်သောကိစ္စ မျာ၊ တစ်ပိုးတစ်စ၊ ကစဉ့်ကလျားဖြစ်မည်။
အမည်အက္ခရာ (တ၊ထ၊ဒ၊ဓ၊န)စသူများနှင့်ပူးပေါင်း က မကြာခဏစကားများရမည်။ အတိုက်အခံများဖြစ် တတ်သည်။ ဆန့်ကျင်ဘက်ပြုတတ်သည်။ သဘာဝကွဲ ပြား၍ အခက်အခဲများဖြစ်စေမည်။ ယာယီပူးပေါင်းနိုင် လင့်ကစား ရေရှည်လက်တွဲရန်မသင့်။
မှတ်ချက်။ ။ဗြိစ္ဆာရာသီဖွား (Scorpio)၊ မိန်ရာ သီ(Pisces)၊ ပြိဿရာသီ(Taurus)နှင့် မကာရရာသီ (Capricorn) အထက်ပါရာသီခွင်(၄)ခုတွင်မွေးသော သူများဖြစ်ပါက မည်သည့်နေ့မွေးသောသူဖြစ်စေ၊ မည် သည့်အမည်အက္ခရာနှင့်စသောသူဖြစ်စေ မိမိအတွက် အကျိုးပေးသောမိတ်ဖက်များအဖြစ် ထာဝရရပ်တည်မည်။"

No comments:

Post a Comment

Note: Only a member of this blog may post a comment.