"အိမ်တွင်းရေး၊ မိသားစုရေး
ဗြိစ္ဆာရာသီဖွားအားလုံးတို့သည် အခြားသော မိသားစုဝင်အားလုံးတို့နှင့်မတူ ခြားနားသောသဘာဝရှိ သည်။ ပြန်မပြောနားမထောင်အေးတိအေးစက်နှင့်ထင် ရာစိုင်းတတ်သည်။ ကိုယ်ပိုင်ရေးရာအဖြာဖြာအားစိုက် ဖက်ရန်မဆိုထားနှင့် ပွယောင်းရှုပ်ထွေးနေသောမိမိမ သိဘဲရှင်းလင်းပေးသည်ကိုပင် အုန်းအုန်းကျွတ်ကျွတ် ဆူပူတုန့်ပြန် ဒေါသအမျက်ချောင်းချောင်းထွက်သော သဘာဝရှိသည်။ ကိုယ်လုပ်သောကိစ္စမှန်သမျှ မိသားစု ကိုဖွင့်ပြောသည့်အလေ့အထမရှိ။ မိဘအကြီးအကဲတို့ အပေါ် ဆန့်ကျင်သည်လည်းမဟုတ်။ ပုန်ကန်ခြင်းလည်း မပြုထင်ရာစိုင်းကာ တဇွတ်ထိုးလုပ်တတ်သောသဘာ ဝရှိကာပြဿနာဖန်တီးသူတစ်ယောက်အဖြစ်ဝန်းကျင် အသိုင်းအဝိုင်းမှ မှတ်ချက်ပေးခံရမည်။ မိသားစုအ ပေါ် အလွန်အကျိုးပြု၍ မောင်နှမသားချင်းများ၏အား ကိုးအားထားပြုခြင်းကို အရွယ်လတ်အရွယ်တွင် အထင်အရှားရရှိမည်။ ။ 21.3.18မှ 20.4.18 ကြား 21.7.18မှ 20 ,8. 18 ကြား 21.9, 18 မှ 20.1. 18ကြားကာလများတွင်အရာရာ အဆင်ပြေမည်။ စိတ်ချမ်းမြေ့ရမည်။ စိတ်ကူးနှင့်လုပ် ကိုင်၍ ထူးခြားသောတိုးတက်မှုများ ဖြစ်ပေါ်မည်။ အ ခက်အခဲများ ကျော်လွှားနိုင်မည်။ မိသားစုဥစ္စာဓနတိုး ပွားမည်။ လာဘ်ပွင့်မည်။ အလှူမင်္ဂလာကိစ္စကြုံမည်။ အိမ်ထောင်သည်များ သားသမီးရမည်။ အလိုပြည့်စုံ မည်။ မိသားစုပိုင် လက်လွန်ထားသောငွေ၊ ပစ္စည်းလက် ဝယ်ပြန်လည်ရရှိမည်။ အိမ်တွင်အမှုထမ်းများရှိက အ လုပ်တိုးတက်မည်။ အပြောင်းအရွှေ့ ရှိသည်။ 19 .2. 18 မှ 20.3.18 ကြား 21.6.18မှ 20.7.18 ကြား 21.8. 18 မှ 20.9.18 ကြားကာလများတွင် အိမ်ပူ မည်။ သားချင်းများဒုက္ခပေးမည်။ မိဘအကြီးအကဲချူ ချာမည်။ ရန်မနာလိုသူပေါမည်။ အိမ်ထောင်သည်များပဋိပက္ခဖြစ်မည်။ စကားရှုပ်ထွေးသောသူများ အဝင်အ ထွက်များ၍ အိမ်တွင်းရေးပဋိပက္ခများကြုံမည်။ အ
ပျောက်အရှများမည်။ အိမ်တွင်ပြင်ပမှ ဖောက်ထွင်း ခြင်းမဟုတ်ဘဲ အိမ်တွင်းမှပစ္စည်းများ တစ်မျိုးပြီးတစ် မျိုးပျောက်တတ်သည်။ အိမ်သို့အလိုက်မသိတတ်သည့် ဧည့်ဆိုးများ ညအိပ်ညနေလာရောက်တည်းခိုမည်။ မိ သားစုပိုင်လုပ်ငန်းတို့တွင် အနှောင့်အယှက်များကြုံ မည်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စများအတွက်စိတ် ပူသောကဖြစ်မည်။ 21.1.18 မှ 18.2.18 ကြား 21.4.18မှ 20.5.18 ကြား 21.10.18 မှ 20.11.18ကြားကာလများတွင်အိုးအိမ် ခြံမြေကိစ္စစကားပြောရမည်။ ပြည်ပခရီးရှိမည်။ လက် လွန်ငွေပြန်ရမည်။ အခက်အခဲများ ဖြေရှင်းရမည်။ အ နှောင့်အယှက်ကြားမှ တက်လမ်းများရရှိမည်။ လူမျိုး ကွဲ၊ လူမျိုးခြား အကျိုးပေးမည်။ (A, M, S, T, J)အက္ခ ရာနှင့်စသောပြည်ပများသွားရောက်အကျိုးပေးမည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စများဆောင်ရွက်အောင်မြင် မည်။ (က၊ သ၊ပ၊ မလ)အက္ခရာနှင့်စသောအရပ်ဒေသ များတွင် အိုးအိမ်နေရာထိုင်ခင်းကိစ္စများ ဆောင်ရွက် အောင်မြင်မည်။ အရပ်ဝေးရောက်အလုပ်တာဝန်ထမ်း ဆောင်နေသောသူများထံမှ ကောင်းသတင်းများကြား သိရမည်။"

No comments:
Post a Comment
Note: Only a member of this blog may post a comment.