March 30, 2016

အိမ်တွင်းရေး ၊မိသားစုရေး

မကာရရာသီဖွားတို့သည် မိသားစုအပေါ် တန်ဖိုးထားသည်။ မိသားစုရေးရာအဖြာဖြာကို ဦးစား ပေးသည်။ ကိုယ့်အရေးကိစ္စထက် မိသားစုရေးရာများ ကိုဦးစားပေးဆောင်ရွက်ရမည်။ မောင်နှမသားချင်းများ အပေါ် အနစ်နာခံလေ့ရှိသည်။ ဆွေမျိုးအကျိုးပေးခြင်း မရှိ။ တစ်သီးတစ်ခြားနေထိုင်တတ်သောအလေ့အထ ရှိသည်။ သူတစ်ပါးကိစ္စ ဝင်ရောက်စွက်ဖက်ခြင်းမရှိ။ အရေးကြုံလျှင်မိသားစုဘက်မှ အပြည့်အဝရပ်တည် ဆောင်ရွက်လေ့ရှိသည်။ မွေးရပ်ကိုခွာ၍ စွန့်စားတိုး တက်မည်။ တစ်မိပေါက်တစ်ယောက်ထွန်း ကောင်း ကျိုးပြုသူများဖြစ်မည်။ ၂၀၁၇ တစ်နှစ်တာအတွင်း နေ အိမ်နေရာထိုင်ခင်းပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ အသစ် တည်ဆောက်ခြင်းများကြုံမည်။ 
21.5, 17 မှ 20.6, 17 ကြား 
21.7, 17 မှ 20.8, 17 ကြား
21.11.17 မှ 20.12, 17 ကြားရက်များတွင် မိသားစုစီးပွားဝင်ငွေတိုးပွားမည်။ အလုပ်ရှိသူအလုပ်တိုးတက်မည်။ နေရာထိုင်ခင်းကိစ္စအတွက် ပြောဆိုဆောင်ရွက် ခြင်းများအောင်မြင်မည်။ ဘဝရည်ရွယ်ချက်နှင့်မိသားစု ရေးရာအတွက်ဆောင်ရွက်မှုများ အဆင်ပြေမည်။ အိုး အိမ်အသစ်တည်ဆောက်ရန် ရည်ရွယ်သူများအလို ပြည့်မည်။ အိမ်ရှိလုပ်ငန်းခွင်မှသူများ ကောင်းသောနေ ရာအသစ်ရရှိမည်။ အလုပ်တိုးတက်မည်။ ဆွေမျိုးနှင့် မိသားစုကြား ဖြစ်ပေါ်သောပဋိပက္ခငြိမ်းချမ်းမည်။ လှူအတန်းကိစ္စများကြုံမည်။ အရွယ်ရောက်သူများအ ဖို့ အိမ်ထောင်ရေးကိစ္စကြုံမည်။ 
21.1.17မှ 18,2. 17ကြား
21.4.17မှ 20.5, 17 ကြား
21.10.17 မှ 20.11. 17 ကြားရက်များတွင်အိမ်တွင်း ရေးပဋိပက္ခများရှိမည်။ စိတ်အနှောင့်အယှက်များ တစ် မျိုးပြီးတစ်မျိုးကြုံမည်။ ဘေးစကား၊ သွေးသားအနှောင့် အယှက်ကြုံတတ်သည်။ ငွေကြေးအပေးအယူကိစ္စနှင့် လူမှုရေးရာပြဿနာများကြုံတွေ့တတ်သည်။ အိမ်ရှိသူ များတစ်ဦးပြီးတစ်ဦး ကျန်းမာရေးချူချာခြင်းရှိမည်။ ခြံ၊ မြေကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားများရခြင်း၊ပဋိပက္ခဖြစ်ခြင်းများကြုံမည်။ အိမ်တွင်လူဝင်လူထွက် ရှုပ်ထွေးမှုများရှိမည်။ ပစ္စည်းပျောက်တတ်သည်။ စက် ပစ္စည်းများအပျက်အစီးများမည်။ မိသားစုစီးပွားရေး လုပ်ငန်းများတွင်အနှောင့်အယှက်များခြင်းများရှိမည်။ 
19.2.17 မှ 20.3.17 ကြား
21.6. 17 မှ 20.7. 17 ကြား
21.9, 17 မှ 20.10, 17 ကြားရက်များတွင် (ပ၊ က၊ သ၊ မ၊ )အက္ခရာနှင့်စသော အရပ်နယ်မြေတို့တွင် အိုးအိမ်၊ ခြံမြေဝင်ခြင်းရှိမည်။ အိမ်တွင်ဝန်ထမ်းများရှိ က ဖော်ပြပါအရပ်ဒေသသို့ အလုပ်တိုးတက်ခြင်းနှင့် ပြောင်းလဲခြင်းပူးတွဲကြုံမည်။ (A, M. S, T, J)နှင့် သော ပြည်ပခရီးများအကျိုးပေးမည်။ မိသားစုလိုက် ခရီးသွားခြင်းကြုံမည်။ အရပ်ဝေးရောက်ရှိနေသူများထံ မှ သတင်းကောင်းကြားရမည်။ ခြံ၊ ကား၊ အခန်း အလဲ အလှယ်၊ အပြောင်းအလဲများရှိမည်။ အိမ်ထောင်ရေး ပြဿနာအညံ့ရှိ၍ ကွဲကွာနေသူများ နှစ်ဦးကြားဝင် . ရောက်စေ့စပ်ဖြန်ဖြေခြင်းရှိကာ ပြန်လည်ပေါင်းစည်း အဆင်ပြေခြင်းများရှိမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.