March 30, 2016

ပညာရေး

ရည်မှန်းချက်မြင့်မြင့်မားမားထား၍ စနစ်တ ကျဆောင်ရွက်လျှင် ထိပ်တန်းရောက်အောင်ထူးချွန်နိုင်သူဖြစ်သည်။ အဆင့်မြင့်အတတ်ပညာများလေ့လာ သင်ကြားတတ်မြောက်မည်။ ပြည်ပနိုင်ငံရပ်ခြားမှ တတ်ပညာသင်ကြားရန် အခွင့်အလမ်းပိုင်ဆိုင်မည်။ စာသင်ကျောင်းတို့မှသင်ကြားသောပညာသာမက လက်တွေ့ အသုံးချအတတ်ပညာများ၊ လျှို့ဝှက်ဆန်း ကြယ်သောအတတ်ပညာများကိုပင် လေ့လာနိုင်သော စွမ်းအားကိုပိုင်ဆိုင်သည်။ အတတ်ပညာကို အခြေ တည်၍ ဘဝအောင်မြင်မှုများရရှိနိုင်သည်။ လုပ်ငန်းခွင် အတွင်းရောက်ရှိသည့်တိုင် ပညာကိုဆက်လက်လေ့ လာ၍ အဆင့်မြင့်အောင်မြင်မှုများ ရရှိနိုင်သည်။ သင်ကြားလေ့လာမှုဆိုင်ရာ အဆင့်အတန်းမြင့်မား လေ၊ အရည်အသွေး ပိုမိုမြင့်မားလာလေဖြစ်မည်။ တစ်ပြိုင်နက်တည်း တစ်ခုထက်မကသောပညာရပ် များ လေ့လာဆည်းပူးနိုင်သည်။
21.4. 17, မှ 20.5. 17 ကြား
21.6.17မှ 20.7, 17ကြား
21.8.17 မှ 20.9. 17 ကြားရက်များတွင် ကျန်းမာရေး အနှောင့်အယှက်များဝင်ရောက်နိုင်သည်။ ကြိုတင်ပြင် ဆင်မှုနည်းပါးခြင်းကြောင့် အောင်မြင်မှုလျော့ပါးတတ် သည်။ ကိုယ်ဝါသနာပါရာ သန်ရာဘာသာရပ်များထက် မပါရာဘာသာရပ်များတွင် လှစ်ဟမှုများရှိမည်။ အချစ် ရေးကိစ္စအရှုပ်အထွေးများ၊ အပေါင်းအသင်းမှားခြင်း များကို အခြေတည်၍ ပညာရေးပေါ့ဆတတ်သည်။ ကျောင်းစည်းကမ်းနှင့်ပတ်သက်သော ပြဿနာများ ဖြစ်တတ်သည်။ ပညာရပ်တစ်ခုပြီးမြောက်ခြင်းမရှိမီအ ခြားသောပညာရပ်သို့ကူးပြောင်းလေ့လာရာမှ စနစ်တ ကျဆောင်ရွက်နိုင်သောအရည်အသွေးလျော့ပါးသွား မည်။ ဆရာသမားများ၏ငြိုငြင်မှုခံရတတ်သည်။ 
20.2.17 မှ 20.3, 17 ကြား 
21.7. 17 မှ 20.8, 17 ကြား 
21.9.17မှ20.10.17ကြားရက်များတွင်အဆင့်မြင့်အ တတ်ပညာများလေ့လာနိုင်မည်။ ဦးတည်ချက်ပြောင်း ၍ဆောင်ရွက်ရာမှ မြင့်မားသောအောင်မြင်မှုများရရှိ နိုင်သည်။ ပေါ်ပေါက်လာသောအခြေအနေကောင်းများ ကိုအသုံးချ၍ အဆင့်မြင့်အတတ်ပညာများလေ့လာရန် အခြေအနေကောင်းကိုရမည်။ ပြည်ပအတတ်ပညာသင်ကြားးရန် အခွင့်အလမ်းကောင်းရမည်။ အဆင့်မြင့် ဘွဲ့လွန်တက်ရောက်နေသူများ ထူးထူးချွန်ချွန်အောင် မြင်မည်။ လုပ်ငန်းခွင်မှသူများ သင်တန်းတက်ရောက်ရ ခြင်းရှိမည်။ ဤကာလအတွင်းဆောင်ရွက်သော ပညာ ရေးကိစ္စများ ဆုံးခန်းတိုင်အောင်မြင်မည်။
၂၀၁၇ ခုနှစ်သည် ပညာရေးအတွက် အထူး ကောင်းသောနှစ်တစ်ခုဖြစ်သည်။ မူလတစ်ကြိမ်တစ်ခါ မှစိတ်ကူးခြင်းပင်မပြုသောပညာများ လေ့လာဆည်းပူး ရန်အခွင့်ကောင်းရမည်။ ကျောင်းအပြောင်းအရွေ့ကိစ္စ များ၊ မူလသင်ကြားသောဘာသာရပ်နှင့်မတူသော သင်ကြားရခြင်းများဆောင်ရွက်ရန်ကြုံမည်။ ပညာတစ် ပိုင်းတစ်စနှင့်ရပ်တန့်ထားသူများ ပြန်လည်ဆောင်ရွက် အောင်မြင်မည်။ ယခုနှစ်တွင်စတင်သောပညာရပ်မှန် သမျှသည် အောင်မြင်စွာပြီးမြောက်ပြီးဆုံးသည်အထိ ထွန်းပေါက်ရောက်ရှိမည်။ (A, E, S, T, J)အက္ခရာနှင့် စသော ပြည်ပနိုင်ငံရပ်ခြားများသို့ ပညာသင်ရန်စီစဉ် ဆောင်ရွက်မှုများ အထင်အရှားအောင်မြင်မည်။ ပညာ ရပ်နှင့်ဝေးကွာနေသူများပင်လျှင် အဆင့်မြင့်ပညာများ လေ့လာရန်ကြုံပေမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.