March 30, 2016

ကျန်းမာရေး

မကာရရာသီသည် လူခန္ဓာကိုယ်၏ အရေ ပြား၊ အရိုးများနှင့် ဒူးဆစ်ပိုင်းကိုလွမ်းမိုးသည်။ ဖော်ပြ ပါခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ကျန်းမာရေးအ ညံ့ဖြစ်ပေါ်သော သဘာဝရှိ၏။ ဒူနာခြင်း၊ ဒူးဆစ်ရောင် ခြင်းနှင့်ပတ်သက်သော ဝေဒနာဖြစ်လွယ်သည်။ အရိုး ကျီးပေါင်းတက်ခြင်း၊ အရိုးပွခြင်း၊ အရိုးတွင်အတက် ပေါက်ခြင်း၊ အရိုးအဆစ်တစ်ခုနှင့်တစ်ခု ဆက်နွယ် သေသာအချိတ်အဆက်များတွင် ဝေဒနာများ၊ ရောဂါများ ဖြစ်ပေါ်တတ်သည်။ ခန္ဓာကိုယ်အရေပြားတွင် အနာ ရောဂါများမဖြစ်အောင် အထူးဂရုစိုက်ရမည်။ အရေ ပြားပေါ်တွင် အဖုအကျိတ်များဖြစ်လွယ်သည်။ သွေး စုနာ၊ အနာစိမ်းပေါက်ခြင်းမှအစ ဝက်ခြံ၊ တင်းတိပ်နှင့် ပတ်သက်သော ရောဂါဝေဒနာများဖြစ်လွယ်သည်။ သန့်ရှင်းမှုအဓိကလိုအပ်သည်။ 
21.3.17မှ 20.4.17 ကြား 
21.5.17မှ 20.6.17ကြား
21.8. 17 မှ 20.9.17 ကြားရက်များတွင် အစာခြေ လမ်းကြောင်းနှင့်ပတ်သက်သော ရောဂါဝေဒနာဖြစ် ပေါ်တတ်သည်။ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းဖြစ်လွယ် သည်။ ခြင်ကိုက်သည့်အဖုတို့ကို ကုတ်ဖဲ့ရာမှအရေပြား နှင့်ပတ်သက်သော အနာများဖြစ်တတ်သည်။ ယားနာ၊ ဝဲ၊ နှင်းခူးအထိ ဖြစ်တတ်သည်။ အဆစ်အမြစ်များရောင် ရမ်းကိုက်ခဲတတ်သည်။ အထူးသဖြင့် ဒူးဆစ်နာခြင်း၊ ကိုက်ခဲခြင်းဖြစ်က မပေါ့အပ်ပေ။ သွား၊ သွားဖုံးနှင့်ပတ် သက်သော ဝေဒနာများဖြစ်ပေါ်နိုင်သည်။ သွားဖုံးတွင် ရေစီးကမ်းပြိုဝေဒနာ ဖြစ်ပေါ်တတ်သည်။ ပေါ့ပေါ့တန် တန်သဘောမထားရ။ စနစ်တကျဆရာများနှင့်ပြသင့်သည်။ 
ဧပြီ ၁၊ ၅၊ ၁၂၊ ၁၃၊ ၁၆၊ ၂ဝ၊ ၂၂၊ ၂၇ 
ဇွန် ၅၊ ၁၂၊ ၁၃၊ ၁၅၊ ၂၂၊ ၂၄၊ ၂၅၊ ၂၆ 
စက်တင်ဘာ ၁၊ ၃၊ ၇၊ ၁၆၊ ၁၇၊ ၂၂၊ ၂၃ ရက်များတွင် မတော်တဆထိခိုက်မှုအန္တရာယ် အထူးပြုဂရုစိုက်ရ မည်။ ယာဉ်၊ ကားနှင့်ပတ်သက်သော အန္တရာယ်များဖြစ်ပေါ်တတ်သည်။ အသွားအလာအနေအထိုင်အထူးပြုဂရုစိုက်ရမည်။ ခိုက်ရန်ဖြစ်ပွားခြင်းများ ရှောင်ကြဉ် ပါ။ တုတ်၊ ဓား လက်နက်ဘေးအန္တရာယ်များ ဖြစ်ပေါ်တတ်သည်။ ဆီပူ၊ မီးပူများနှင့်ပတ်သက်သော လောင် ကျွမ်းမှုသတိရှိရမည်။ ကိုင်တွယ်နေကျမဟုတ်သော စက်ယန္တရားများကို သတိနှင့်ကိုင်တွယ်ပါ။ လျှပ်စစ်မီး နှင့်ပတ်သက်သောအန္တရာယ်ကိုလည်း ဂရုစိုက်ရပေ မည်။ လှေကား၊ ယာဉ်၊ ကားအတက်အဆင်းများတွင် လဲပြိုတတ်သည်။ အန္တရာယ်ဖြစ်တတ်သည်။ ၂၀၁၇ ခုနှစ်တစ်နှစ်တာအတွင်း ကြီးမား သောဘေးဥပဒ်အန္တရာယ် ကျရောက်ခြင်းမရှိနိုင်ပါ။ အနေအထိုင်မဆင်ခြင်မှုကြောင့်သော်လည်းကောင်း၊ အစားအသောက်မှားယွင်းခြင်းကြောင့်သော်လည်း ကောင်း ရောဂါဝေဒနာဖြစ်သည်မှအပ ဆိုးရွားသော ရောဂါမရှိပါ။ ရောဂါဝေဒနာဖြစ်ကလည်း စနစ်တကျ

ကုသမှုခံယူနိုင်မည်။ သမားကောင်းတွေ့မည်။ မကာရ ရာသီဖွားအများစုသည် စိတ်မာန်ကြီးသူများဖြစ်သည်။ စိတ်အခန့်မသင့်စရာများကြုံက”ဒီပရက်ရှင်း’ (Depression) ဟုခေါ်ဆိုအပ်သော စိတ်ကျမှုဝေဒနာ ခံစားရ သည်။ ၄င်းအပြင် ဤတစ်နှစ်တာအတွင်း” ခရောနစ် ဖတိဂ်"(Chroni Fatigue)ဟုခေါ်ဆိုအပ်သော အမောဖောက်ခြင်းဝေဒနာများလည်းဖြစ်ပွားနိုင်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.