24.7.2015 to 30.7.2015 - Find weekly Horoscope in my blog

July 24, 2015

24.7.2015 to 30.7.2015

တနင်္လာ
ဤတပတ်အတွင်း တနင်္လာသားသမီး တို့၏ စိတ်ဓာတ်တို့သည် ကား ပျင်းရိခြင်း ၆ မျိုး မှ တမျိုး မဟုတ်တမျိုး ရှိလာစေပါမယ်။ ဥပမာ - စောပါသေးတယ်။ အေးပါသေးတယ်။ ပူပါသေးတယ်။ မိုးချုပ် ပြီးနောက် ရက်လုပ်လျှင် ရသေးတယ် ၊ ရက်တွေကျန်ပါသေးတယ်။ ကိုယ်မလုပ်လည်း ရတာပဲ စသဖြင့် လုပ်ငန်းမပြီးပြတ်မှု့ တွေ ဖြစ်လာမည်။ အဲဒီ စိတ်ဓာတ် ဤ ကာလ အတွင်း လုံးဝ မရှိအောင် ထားပါ။ သင့်ရဲ့ အောင်မြင်မှု့ က လက်တကမ်း မှာရှိနေတယ်။ သင်မလုပ်လျှင် အရာရာ သူတပါး ဦးသွားမည်။ သတိထားပါ။ ရွှေ ၊ စက် ၊ ယာဉ် ၊ မြေ အိမ် တို့ ပြောင်းလဲ ရောင်းဝယ်မှု့ တွေ ဖြစ်လာမည်။ ကောင်းပါတယ်။ လုပ်ငန်းသစ် တခုလည်း စဖြစ်မည်။ နေရာသစ် တစ်ခု လည်းရောက်မည်။ အချစ်ရေးကတော့ ကောင်းပါတယ်။ သို့သော် အနှောင့်အယှက် မကင်းဘူး။ ဂရုစိုက်ပါ။ 
အကျိုးပေးဂဏန်း - ၂ ၊ ၃ ၊ ၎
အထူးဟော - ဥုံ မပျင်းနှင့်။ မဖျင့်နှင့်။ 
ယတြာ - တနင်္လာနေ့ နံနက်တွင် တောင်ပေါ်က ဘုရားကို ရည်စူး၍ ဆွမ်းလှူဒါန်းပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.