24.7.2015 to 30.7.2015 - Find weekly Horoscope in my blog

July 24, 2015

24.7.2015 to 30.7.2015

တနင်္ဂနွေ
ဤတပတ် တနင်္ဂနွေ သားသမီးတို့ စိတ်ဓာတ်တို့သည် ကိုယ်လုပ်သော အလုပ် အပေါ် ၊ ကိုယ်ပြောသော စကား အပေါ် ကိုယ်သွားသော ခရီး အပေါ် နှင့် ဆောင်ရွက်မှု့ တွေ အားလုံးပေါ်မှာ ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ရယ်လို့ သံသယ (သို့မဟုတ်) စိတ်တထင့်ထင့် ဖြစ်ကြရတတ်မည်။ စိတ်မထင့်ပါနှင့်။ သင့်ရဲ့ဆောင်ရွက်မှု့ အားလုံး ထဲမှ တချို့ မြန်ဆန်စွာ ကောင်းသတင်း ကြားရပြီး အောင်မြင်မှု့ ရပြီး တချို့ ကိစ္စ တွေ မှာတော့ နှောင့်နှေး ပြီးမှ အောင်မြင်မှာ သေချာပါတယ်။ လုံးဝ မအောင်မြင်တာမရှိဘူးလို့ ဟောချင်ပါတယ်။ ကိုယ်ရေးကိုယ်တာ တင်မက မိသားစု အရေးသားချင်းအရေးပါ ဆောင်ရွက်ဖြစ်ပါမည်။ အတိုက်အခံလေးတွေ ရှိပါတယ်။ ကျော်နိုင်မှာပါ။ အားနာတာတွေ ကိုတော့ လျော့သင့်ပါတယ်။ အောင်မြင်မှု့ ရချိန်မို့ ရအောင်ယူပါ။

အကျိုးပေးဂဏန်း - ၀ ၊ ၆ ၊ ၅
အထူးဟော - ကံ ၊ ဥာဏ် ၊ ၀ီရိယ ကောင်း၏ ။ လျင်မြန်စွာ ဆောင်ရွက်လိုက်ပါ။ 
ယတြာ - တနင်္ဂနွေ နေ့ တွင် လှောင်အိမ်ထဲက ငှက်ကလေး ၆ ကောင်ဝယ်လွှတ်လိုက်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.