24.7.2015 to 30.7.2015 - Find weekly Horoscope in my blog

July 24, 2015

24.7.2015 to 30.7.2015

အင်္ဂါ
ဤတပတ်အတွင်း အင်္ဂါ သားသမီး တို့ ၏ စိတ်ဓာတ် သည်ကား ပြောင်းလဲမှု့ ပြုပြင်မှု့ စိတ်ဓာတ်ကြံ့ခိုင်မှု့ ရအောင် ယူပြီး စွန့်စားမှု့ နှင့် စူးစမ်းမှု့တွေ ပြုလာပါလိမ့်မည်။ အရာရာ ကွက်ကျော်မြင် တတ်ပြီး ရည်ရွယ်ချက် ကြီးကြီးဖြင့် ဆုံးဖြတ်ချက် ခိုင်မာစွာ ထားပြီး ဆောင်ရွက်မှာပါ။ လုပ်ပါ သင့်ရဲ့ လုပ်ဆောင်ချက် သေချာပေါက်အောင်မြင်မှု့ ရပါလိမ့်မည်။ သင်အကူအညီ တောင်းသူရဲ့ ဆောင်ရွက်မှု့ အားမရသော်လည်း သင့်ရဲ့ကြိုးစားမှု့ က အောင်မြင်ပါလိမ့်မည်။ ခရီးသစ် ၊ နေရာသစ် နှင့် အတူ ကြင်ဖော်အသစ်လည်း ရမှာသေချာနေပါတယ်။ စက် ပြောင်းလဲမှု့ နှင့် အလုပ်ပြောင်းလဲ မှု့ တွေ ဖြစ်လာပါမည်။ သင့်ကို လှည့်စားနေသူ ဟု ထင်နေသူ ရှိနေတယ်။ ဂရုစိုက်ပါ။ 
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉
အထူးဟော - လူယုံမထားနှင့်။ 
ယတြာ - အင်္ဂါ နေ့ နံနက်တွင် အိမ်ဘုရားကို အုန်းဆွမ်း နှင့်အကြော် ၈ ခု ကပ်လှူပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.