November 04, 2015

Nov 4th မှ Nov 10th ကြား

ရန်အပြိုင်အဆိုင်များကိုကျော်လွှား၍ အဆင့်မြင့်တက်လမ်းများကြုံတွေ့မည်။ ငွေကြေးအပေး အယူကိစ္စများတွင် အရှုပ်အထွေးများကြုံမည်။ လူမျိုးကွဲအကျိုးပေးမည်။ ခြံ၊ ကား၊ အခန်းကိစ္စများ ပြောဆိုအောင်မြင်မည်။ အရပ်ဝေးနိုင်ငံရပ်ခြားမှ အလုပ်အခွင့်အလမ်းပေါ်ပေါက်ခြင်းကို လက်ခံ သင့်သည်။ပြောင်းလဲရန်ဝန်မလေးသင့်။ ၀န်းကျင်သစ်နှင့် ဆက်ဆံ၍ အောင်မြင်ခြင်းများဖြစ်ပေါ်မည်။ အလုပ်အကြွေးမထားရ။ ပြဿနာမှန်သမျှချက်ချင်းဖြေရှင်းပါ။ အလုပ်အကြွေး၊ ငွေအကြွေးမှန်သမျှသောကပွေမည့်အနာဂါတ်ကို ဖြစ်ထွန်းစေမည်။ တစ်ပါးသူငွေကိုယူငင်၍ စီးပွားမလုပ်ရ။ အန္တရာယ်ရှိသည်။ ဆုံးရှုံးမှုများကြုံမည်။ ပစ္စည်းပျောက်တတ်သည်။ ငွေအလိမ်ခံရတတ်သည်။ မိခင်ကျန်းမာရေးအညံ့ရှိသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.