ကံအခွင့်အလမ်းသစ်ပေါ်ထွန်းခြင်းနှင့် ဘ၀တက်လမ်းပေါ်မည်။ အခက်အခဲများကျော်လွှားနိုင်မည်။ အရေးပါ သောဆုံးဖြတ်ချက်များချမှတ်နိုင်မည်။ ရှေ့ တိုးဆုံးဖြတ်၍ လုပ်ကိုင်သောကိစ္စမှ ထူးခြားသောအကျိုးဆက်ဖြစ်ထွန်းမည်။ ကာလရှည်ကြာကြိုးပမ်းထားသည်များမှ ကောင်းသော အကျိုးဆက်ပေါ်ပေါက်မည်။ မြှုပ်နှံထားသောငွေကြေးစီးပွားတို့မှ ကောင်းသော အကျိုးအမြတ် ရရှိမည်။မေတ္တာရေးကံကောင်းမည်။ ပြတ်နေသောအချစ်ဟောင်းနှင့် ပြန် လည်ဆက်သွယ်ချစ်ကျွမ်းဝင်မည်။ ဆိုင်းငံ့ရပ်တန့်ထားသောအလုပ်တို့ကို ပြန်လည်စတင်နိုင်မည်။ နေအိမ်နေရာ ထိုင်ခင်းပြုပြင်ခြင်း၊ အသစ်တိုးချဲ့ ခြင်း၊ အပြောင်းအလဲပြုခြင်းများ ဆောင်ရွက်နိုင်မည်။ လုပ်ငန်းဟောင်းတစ်ခုကို အလုပ်သစ်သဖွယ် ပြန်လည်လုပ်ကိုင်ရမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.