October 28, 2015

Oct 28th မှ Oct Nov 3rd ကြား

မတော်တဆထိခိုက်မှုများ ဖြစ်တတ်သည်။ ရန်မနာလိုသူများရှိမည်။ ကာလအတန်ကြာ လက်တွဲသော သူများနှင့် လမ်းခွဲရမည်။ ရည်ရွယ်မျှော်မှန်းထားသည်များမဖြစ်ဘဲ မထင်မှတ်သော အကြောင်းအရာများ ဆက်တိုက် ဖြစ်မည်။ ပစ္စည်းများအပျောက်အရှရှိမည်။ ပစ္စည်းမလှောင်ရ။ လက်ဝယ်သိုလှောင်ထားသောပစ္စည်းများ ဈေးကျ ဆင်းမည်။ တွက်ဆထားသည့်အတိုင်းဖြစ်မလာ။ ကတိပျက်သောသူများနှင့် တွေ့ မည်။ ရုတ်တရက်အိမ်ထောင်ကျ နိုင်ခြင်းကို ရှောင်ကြဉ်သင့်သည်။ တစ်ပါးသူမှ လာရောက်အပ်နှံထားသော ယာဉ်၊ ကားတို့ကို ယူငင်မောင်းနှင်ရာမှ ဘေးဥပဒ်ကြုံမည်။ အပျော်ခရီးမသွားရ။ အတွင်းလူဒုက္ခပေးတတ်သည်။ သတင်းစကားပေါက်ကြားတတ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.