October 28, 2015

OCT 28th မှ NOV 3rd ကြား

ပြဿနာအတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ အတိတ်ကာလမှ မိမိအားနည်းချက်တို့ကို ထောက်၍ နိုင်လိုမင်းထက်ပြောဆိုတိုက်ခိုက်ခြင်းများ ကြုံမည်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စအပေးအယူမှန်သမျှ သတိရှိရမည်။ ကတိစကားမတည်သည့်အပြင် အလိုလောဘကြီးကာ ကောက်ကျစ်စဉ်းလဲ၍ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောဆိုတတ်သောသူများနှင့်တွေ့မည်။ အမှုအခင်းပြဿနာများ ဖြစ်တတ်သည်။ သက်သေလိုက်ရတတ်သည်။ အရေးကြီးသောစာရွက်စာတမ်းများပျောက်တတ်သည်။ အထင်လွဲခံရမည်။ ဖြေရှင်းရမည်။ အနီးကပ်လူဒုက္ခပေးမည်။ တစ်ပါးသူကိစ္စ ဓါးစာခံသဖွယ် ၀င်ရောက်ဖြေရှင်းရမည်။ အိမ်တွင်းရေး၊ လူမှုရေးအညံ့ရှိသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.