မှန်းထားသည်နှင့် လက်တွေ့ကပြောင်းကပြန်နှင့်
စီစဉ်ထားသည်များပျက်ယွင်းတတ်သည်။ အတွင်းလူဒုက္ခပေး တတ်သည်။ မလွှဲမရှောင်သာ၍ သူတစ်ပါးအတွက်
ကြားဝင်အာမခံခြင်း၊ တာဝန်ယူခြင်းများဆောင်ရွက်ရမည်။ အားနာမှုနှင့် စိတ်ကောင်းစေတနာထားခြင်းအပေါ်
အခွင့်ကောင်းယူ၍ ဒုက္ခပေးသူပေါ်မည်။ ပညာရပ်ဆိုင်ရာ ရည်ရွယ်ချက်တို့ကို ရှေ့တိုးဆောင်ရွက်ရန်အခါသင့်သည်။
လုပ်ငန်းခွင်မှသူများအမှုပြဿနာများကို တာဝန်ယူဖြေရှင်းရမည်။ အရှိန်အ၀ါအစဉ် အလာကြီးမားသူတစ်ဦး
အမှုဖြစ်ဒုက္ခရောက်နေသည်ကို ကူညီကယ်တင်ခွင့်ကြုံမည်။ ငွေပေးငွေယူကိစ္စများတွင် အနှောင့်
အယှက်များဖြစ်ပေါ်တတ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.