December 09, 2014

8.12.2014 to 14.12.2014

စနေ

ဤတပတ်ကတော့ စနေသားသမီးတို့ကံကောင်းသောကာလဖြစ်ပါတယ်။ ဘာဖြေဖြေအောင်ပါတယ်။ ဘာလုပ်လုပ်အဆင် ပြေပါတယ်။ ဘယ်သွားသွားဘာအန္တရာယ်မှမရှိပါ။ ကူညီသူကအဆင်သင့်ပါ။ အနီးကလည်းအလုပ်ရမယ်။ အဝေးကလည်း အလုပ်ခန့်မယ်။ ရသောအလုပ်တွေကနိုင်ငံရပ်ခြားနှင့် ရှယ်ယာအလုပ်တွေ ကုမ္ပဏီတွေဖြစ်မယ်။ ပြည်ပခရီးရှိနေတယ်။ အချစ်ရေး နှောင့်နှေးနေမယ်။ မိသားစုအရေးနှင့် ကိုယ်ရေးကိုယ်တာအရ ဦးစားပေးဆောင်ရွက်ဖြစ်မယ်။ အားလုံးအောင် မြင်ပါတယ်။ စိတ်ချမ်းသာပြီဟုမှတ်ပါ။ အကျိုးပေးဂဏန်း - ၉ ၊ ၆ ၊ ၅ ။ 
အထူးဟော - ကံကောင်းနေတယ်။ 
ယတြာ - စနေနံဘုရားကို စနေနေ့နံနက်တွင် ရွက်လှပန်း ၁၇ ညွန့်ကပ်၍ ရေသက်စေ့ရေသပ္ပာယ်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.