July 9th မှ July 15thကြား - Find weekly Horoscope in my blog

July 09, 2018

July 9th မှ July 15thကြား


အစီအစဉ်မှန်သမျှ အချိန်ကိုက်ဆောင်ရွက် ၍မရ။ အလွဲလွဲအချော်ချော်ဖြစ်တတ်သည်။ အပြိုင်အ တိုက်အခံများမည်။ အပြောတစ်မျိုး၊ လက်တွေ့တစ်မျိုး ဆောင်ရွက်သောသူများနှင့်တွေ့မည်။ အိမ်တွင်းရေး အညံ့ရှိမည်။ ပြဿနာဟောင်းများကို အစပြန်ဖော်ပြီး ဖြေရှင်းရခြင်းမျိုးကြုံမည်။ ပစ္စည်းအပျောက်အရှများ မည်။ ငွေလက်လွန်ဆုံးရှုံးခြင်းကြုံမည်။ ကိုယ်ပိုင်လုပ် ငန်းရှင်များအလုပ်သမားရေးရာအတွက် စိတ်ပင်ပန်းရမည်။ စာရင်းဇယားအမှားအယွင်း ဖြစ်တတ်သည်။ စာ ရွက်စာတမ်းပျောက်ရှတတ်သည်။ နားသို့မဟုတ် မျက် စိနှင့်ပတ်သက်ပြီးဆေးကုသမှုခံရမည်။ ခရီးသွားရန်စီ စဉ်မှုများနှောင့်နှေးမည်။ လူယုံဒုက္ခပေးတတ်သည်။ ခြံ၊ ကား၊ အခန်းအစရှိသည့် တနင်္လာနံပစ္စည်းများ အဝင်မတော်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.