July 2nd မှ July 8thကြား - Find weekly Horoscope in my blog

July 02, 2018

July 2nd မှ July 8thကြား


ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံ စည်းမည်။ အခွင့်အရေးသစ်ပေါ်မည်။ အကြံအစည် အောင်မြင်မည်။ မတော်တဆထိခိုက်မှု ဂရုစိုက်ပါ။ အ တွင်းလူဒုက္ခပေးတတ်သည်။ ကိုယ်ကျိုးမပါ တစ်ပါးသူ အတွက်တာဝန်ယူရာမှ ပြဿနာဖြေရှင်းစရာများရှိ မည်။ တဇွတ်ထိုးစိတ်မြန်လက်မြန်လုပ်၍ အောင်မြင် သင့်သလောက်မအောင်မြင်။ အိမ်သုံးစရိတ်၊ အပိုသုံး စရိတ်များမည်။ အမျိုးသားများ မေတ္တာရေးရှုပ်ထွေးမှု ကြောင့် ဆောင်ရွက်နေသောကိစ္စများ နှောင့်နှေးထိ ခိုက်မည်။ အမျိုးသမီးများ အလွန်စန်းကောင်းမည်။ အရွယ်ရောက်လူလွတ်များဖြစ်က အိမ်ထောင်ကျကိန်း အထိကြံမည်။ လူမှုရေးကိစ္စများဆောင်ရွက်ရင်း စိတ် ရှုပ်ထွေးစရာများကြုံမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.