- ဤတစ်နှစ်တာအတောအတွင်း ကျောက်နှင်းဆီဟုခေါ်သောနှင်းဆီပန်းအသေးများ၊ အက်စတာဟုခေါ် သေတမေမြို့ပန်းအသေးများ၊ ကြည်ပြာပန်း၊ ဂန္ဓမာပန်း များသည် လာဘ်ပွင့်၍ ဆုတောင်းပြည့်ပန်းများဖြစ် သည်။ ဘုရားကပ်လှူ၍ဆုတောင်းပြည့်နိုင်သည်။ အ လုပ်နေရာ၊ ဧည့်ခန်းစားပွဲတို့တွင်လည်း ဧည့်ခေါ်လာဘ် ပွင့်ပန်းများအဖြစ်ထားရှိနိုင်သည်။
- အရေးကြီးသောကိစ္စများဆောင်ရွက်ရာတွင် အဖြူခံ ကြွေပန်းအိုးအတွင်း သပြေညွန့်(၁)ညွန့်၊ နှင်းဆီအနီ ရောင်(၁)ပွင့်၊ သစ္စာပန်းအဖြူရောင်(၁)ခက်တို့ကိုထိုး ၍ အနီးအပါးတွင်ထိုး၍ဖြစ်စေ၊ မိမိယုံကြည်ကိုးကွယ်ရာ ဘုရားတွင်ကပ်လှူခြင်းဖြစ်စေပြု၍ အလိုရှိရာဆောင် ရွက်ပါ။ အလုံးစုံတိုးတက်သွားမည်။
- အပူသောကများနှင့် စိတ်အနှောင့်အယှက်များဖြစ် သောအခါ(Dancing Lady)အဝါရောင်သစ်ခွ (၁)ခက် ကို ဖန်ပန်းအိုးအတွင်းထိုး၍ အနီးအပါးထားရှိပါ။ ယုံကြည်ကိုးကွယ်ရာဘုရားကိုလည်း လှူဒါန်းနိုင်ပါသည်။ ကြုံတွေ့နေသောအပူသောကများ ကင်းဝေးသွားမည်။
- ပီယစန်းပွင့်စေရန်အလို့ငှာ ကြွေပန်းကန်ပြားအတွင်း အဖြူရောင်ပန်းပွင့်ငယ်(၃)မျိုး၊ တစ်မျိုးလျှင် (၃၇)ပွင့် ထည့်၍ အနီးအပါး အမြင့်တစ်နေရာတွင်ထားခြင်း ဖြစ်စေ၊ ဘုရားလှူခြင်းဖြစ်စေထားရှိပါ။ စံပယ်ပန်း(၃၇) ပွင့်၊ ခရေပန်း(၃၇)ပွင့်၊ စကြာပန်း(၃၇)ပွင့်ကို ပန်းကန် ပြားတွင်ခင်း၍ ဘုရားကပ်လှူခြင်းပြုနိုင်ပါသည်။
- စာကြည့်စားပွဲအနီးအပါးတွင် ဇီးရောင်ဖန်ပန်းအိုးအ တွင်း ကျောက်စလစ်ခဲ(၃)ခဲကိုထည့်၍ရေဖြည့်ကာနှင်း ဆီပန်းအနီရောင်(၁)ပွင့်ကို နှင်းဆီရွက်များပါအောင် ထိုးပါ။ ပညာရေးအတွက် အထူးတလှယ်အေထာက်အကူပြုသောဉာဏ်ပွင့်မည်
- နိုင်ငံခြားခရီးစီစဉ်တိုင်း အနှောင့်အယှက်များကြုံ၍ အနှောင့်အယှက်ကင်း၊ ခရီးကိစ္စအဆင်ပြေစေရန်အလို့ငှာ ဂန္ဓမာပန်းအဖြူ(၃)ပွင့်၊ သပြေ(၃)ညွန့်တို့ကို စဉ့် ပန်းအိုးတွင်ထိုး၍ အမြင့်တွင်တင်ပါ။ ဘုရားကပ်ပါ။ လို ရာဆုတောင်းပါ။ ခရီးအဆင့်ဆင့်ပွင့်၍ အလိုရှိရာပြည့်စုံမည်။
- ကျန်းမာရေးအညံ့ကြုံသောကာလများတွင် အနီ ရောင်ကြာပန်းပွင့်ကို ရေလောင်း၍ ကြွေပန်းကန်ပေါ် တွင်ရေခံ၍ထည့်ကာ ဘုရားကပ်လှူခြင်းပြုပါ။ မိမိအ နီးအပါးတွင်လည်း ထားရှိနိုင်ပါသည်။ သိသာစွာအညံ့ အဆိုးများကင်းစင်သွားမည်။
- ထမင်းစားစားပွဲပေါ်တွင် စဉ့်ပန်းအိုးငယ်အတွင်း ဧကျောက်နှင်းဆီဟုခေါ်သောနှင်းဆီပန်းငယ်တို့ကို ဝေ ဆာအောင်ထိုး၍ထားရှိပါ။ မိသားစုအေးချမ်းခြင်း၊ အ ပြန်အလှန်ရိုသေနားလည်မှုရှိခြင်းနှင့် မိသားစုလိုက် စီးပွားတိုးတက်ခြင်းရှိမည်။
March 30, 2016
Tags
# vir2016charm
About Bmax
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
vir2016charm
Labels:
vir2016charm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.