၂၀၁၇ ရတနာ ဝင်ဆင်မှု - Find weekly Horoscope in my blog

March 30, 2016

၂၀၁၇ ရတနာ ဝင်ဆင်မှု

၂၀၁၇ တစ်နှစ်တာအတွင်း ကန်ရာသီဖွားတို့ အတွက် ကံမြင့် လာဘ်ပွင့်စေသောရတနာ (၆)မျိုး သည်ကား ပတ္တမြား၊ နီလာအပြာ၊ ကြောင်ကျောက်၊ မ ဟူရာ၊ အဝါရောင်(Citrine)နှင့်ဂေါ်မုတ်ကျောက်တို့ဖြစ် ပါသည်။ 
ပတ္တမြား(Ruby)သည် ရှေးဘုန်းရှေးကံကိုမြင့်မားစေ သည်။ မိမိကိုယ်မိမိယုံကြည်မှုရှိမည်။ ဆောင်ရွက်နိုင် မည့်စွမ်းအားမြင့်မည်။ အတိုက်အခံမှန်သမျှကိုရင်ဆိုင် ထိုးဖောက်နိုင်မည်။ လာဘ်လာဘဥစ္စာဓနကိုဖွံ့ဖြိုးစေ သည်။
နီလာအပြာ(Blue Sapphire)သည် အေးချမ်းမှုကိုပံ ပိုးပေးသည်။ ရန်အနှောင့်အယှက်တို့ကို ကာကွယ်ပေး သည်။ စီးပွားလာဘ်လာဘကိုတိုးပွားစေသည်။ လူချစ် လူခင်ပေါများစေသည်။ သွားလာရောက်ရှိသောနေရာတိုင်း၌မိမိအပေါ်ကောင်းသောသူများနှင့်တွေ ̧မည်။
ကြောင်ကျောက် (Opal)သည် အမှားအမှန်၊ အကောင်းအဆိုးတို့ကို စနစ်တကျစိစစ်နိုင်စွမ်းရှိသည်။ အချစ်မေတ္တာကံကောင်း၍အေးချမ်းသောအနေအ ထားကိုရရှိမည်။ စိတ်ကူးအကြံဉာဏ်ကောင်းများ ပေါ်ထွက်စေသည်
မဟူရာ(Agate)သည် စိတ်စွမ်းအားကိုထူးခြားစေ သည်။ အဆိပ်အတောက်တို့ကိုဖယ်ရှားပေးနိုင်သည်။ မိမိအပေါ်မကောင်းသောနည်းတို့ဖြင့် တိုက်ခိုက်ခြင်း တို့ကို ပယ်ရှားပေးသည်။ အချစ်ရေး၊ မေတ္တာရေးနှင့်ပတ်သက်သောပီယ၊စန်းကောင်းစေသည်။
အဝါရောင် (Citrine)ကျောက်သည် လူအများနှင့် ဆက်ဆံရာတွင် ပြေပြစ်ချောမွေ့စေသည်။ အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့်ဆက်စပ်လုပ်သောလုပ်ငန်းများတွင် အောင်မြင်မည်။ လူအများနှင့်ဆက်ဆံရာတွင်လည်း ဩဇာကြီးမားမည်။ ဥစ္စာဓနကိုလည်းဖွံ့ဖြိုးစေသည်။
ဂေါ်မုတ်ကျောက်(Garnel)သည် ပီယစွမ်းအားမြင့် မားစေသည်။ ကိုယ်ပိုင်အစွမ်းအစနှင့်တိုးတက်မှုများဖြစ်ပွားစေသည်။ လက်ဝယ်ငွေကြေးတိုးပွားစေသည်။  အချစ်ရေးမေတ္တာရေးကံကောင်းမည်. ညို့စွမ်းအားမြင့်မားစေသည်။
ပန်းပွင့်ပုံသစ်သီးပုံတို့နှင့် အလှဆင်ထားသော ရင် ထိုးတို့ကိုဝတ်ဆင်သုံးစွဲအပ်သည်။ အစိမ်းရင့်ရောင်၊ အပြာရင့်ရောင်၊ အနက်ရောင်စသည်တို့နှင့်ပြုလုပ်ထား သောပစ္စည်းတို့ကိုသုံးစွဲအပ်သည်။ သစ်ပင်၊ ထန်းပင်မှ ဖြစ်သည့် ထန်းကျောက်နှင့်ပြုလုပ်ထားသော ပျူခေတ် ပုတီးစေ့ပုံတို့ကို ဝတ်ဆင်နိုင်ပါသည်။ သစ်ပင်တို့၏ သစ်စေးမှ ဖြစ်ပေါ်သောပယင်းကျောက်ကိုဆောင်ယူသင့်ပါသည်။ ငွေ၊ ရွှေဖြူ၊ ပလက်တီနမ်စသည်တို့နှင့်ပြုလုပ်ထားသောအလှဆင်ပစ္စည်းများသည် ကန်ရာသီဖွားတို့အတွက် အထူးကံကောင်းသောပစ္စည်းများဖြစ်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.