အလုပ်အကိုင်နှင့် စီးပွားရေး - Find weekly Horoscope in my blog

March 30, 2016

အလုပ်အကိုင်နှင့် စီးပွားရေး

မကာရရာသီဖွားတို့သည် ရည်ရွယ်ချက်ကြီး မား၍ ကိုယ်ပိုင်အစွမ်းအစနှင့် ဘဝအောင်မြင်မှုတို့ကို ဖန်တီးရရှိနိုင်သည်။ ကိုယ်ပိုင်စိတ်ကူးအကြံဉာဏ်တို့ ကိုဦးစားပေး၍ လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည်။ ယခု နှစ်အတွင်း ပေါ်ပေါက်လာသောစိတ်ကူးသစ်တို့ကိုအ သုံးချ၍ အဆင့်မြင့်အောင်မြင်တိုးတက်မှုများကို ဆောင် ရွက်နိုင်မည်။ မည်မျှအခက်အခဲရှိစေ အားလုံးကိုကျော် လွှား၍ မြင့်မားသောဘဝကိုရောက်ရှိမည်။ ပေါ်ပေါက် လာသောအခြေအနေသစ်နှင့် လမ်းစသစ်တို့ကိုအသုံး ချ၍ အဆင့်မြင့်တက်လမ်းများ ဖန်တီးနိုင်မည်။ လုပ် ကိုင်သောပုံစံအလေ့အထနှင့် ဆက်ဆံသောဝန်းကျင် အလုံးစုံအပြောင်းအလဲများရှိမည်။ မူလရည်ရွယ်ချက် စီစဉ်ထားသည်ကတစ်မျိုး၊ လက်တွေ့ဖြစ်ပေါ်သည်က တစ်မျိုးဖြစ်မည်။ ဖြစ်ပေါ်သောအခြေအနေအသီးသီး ၁၁ည် ဘဝတိုးတက်မှုအလုံးစုံအတွက် အထူးအကျိုးပြု လိမ့်မည်။ လုပ်ငန်းခွင်မှသူများသည် ဖွဲ့စည်းမှုသစ်နှင့်နေရာသစ်များသို့ တာဝန်ယူဆောင်ရွက်ရမည်။ မူလ တစ်ကြိမ်တစ်ခါမှ ကိုင်တွယ်ဖူးခြင်းမရှိသည့် အလုပ်တို့ ကို လုပ်ကိုင်ရခြင်းဖြစ်လင့်ကစား ထူးထူးခြားခြား အောင်မြင်မည်။ ယခင်တစ်နှစ်တာအတွင်း လက်တွေ့ ဆောင်ရွက်နိုင်စွမ်းနည်းသည့်အပြင် တာဝန်ယူနိုင်စွမ်း မရှိသောသူများနှင့်လက်တွဲရာမှ ယခုနှစ်ဦးမှစ၍ လက် တွေ့ကျကျဆောင်ရွက်တာဝန်သိကာ ဆောင်ရွက်သမျှအလုံးစုံတာဝန်ယူသူများနှင့်တွေ့ကာ အလုပ်ပြီးမြောက် ခြင်း၊ အောင်မြင်ခြင်းများရရှိမည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများ မြှုပ်နှံထားသောငွေတို့မှ အကျိုးအမြတ်ရ ရှိမည်။ ပြန့်ကျဲနေသောငွေများ ပြန်လည်စုစည်းရရှိ မည်။ ဆုံးဖြတ်ချက်မှန်မည်။ အလုပ်စီးပွားတိုးတက်မည်။
=21.1. I7 မှ 18.2.17 ကြား 
=21.4, 17 မှ 20.5, 17 ကြား 
=21.8.17မှ20.9, 17 ကြားရက်များတွင် လူယုံထား မရ။ လုပ်နေဆဲလုပ်ငန်းများ ရုတ်တရက်ရပ်တန့်မည်။ ပြဿနာပေဟာင်းများ ပြန်လည်ဖြေရှင်းရမည်။ သူတစ် ပါးအပေါ်ယုံကြည်လွှဲအပ်၍မရ။ လူလိမ်၊ လူကောက်အန္တရာယ်ရှိသည်။ ဤရက်များတွင်စတင်သောကိစ္စမှန် သမျှ အခက်အခဲကြုံမည်။ အနှောင့်အယှက်များမည်။ မှန်းချက်မကိုက်။ စိတ်ပင်ပန်း၊ လူပင်ပန်းရှိမည်။ ကြို တင်တွက်ဆ၍မရနိုင်သောအခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ရတတ်သည်။ အတူတွဲဖက်လုပ်သူတို့၏ မရိုး မသားဆောင်ရွက်မှုများကြောင့် ပြဿနာများဖြစ်ပေါ် မည်။ တစ်ပါးသူကတိစကားတို့အားယုံစားမိ၍ အမှား အယွင်းများဖြစ်ပေါ်တတ်သည်။
19.2. 17 မှ 20.3. 17ကြား
21.5. 17 မှ 20.6. 17 ကြား
21.11. 17 မှ 20.12.17 ကြားရက်များတွင် ဆောင် ရွက်သမျှထွန်းပေါက်မည်။ အလုပ်အဆင့်တိုးတက် မည်။ နေရာသစ်သို့ပြောင်းလဲဆောင်ရွက်ခြင်းမှ အရာ ရာအဆင်ပြေသောအနေအထားကြုံမည်။ လုပ်ငန်းခွင် မှသူများ အဆင့်မြင့်ရာထူး၊ တာဝန်ကို ထမ်းဆောင်ရ မည်။ အလုပ်ရှာဖွေသူအလုပ်ရရှိမည်။ ကိုယ်ပိုင်လုပ် ငန်းစီးပွားလုပ်သူများ မထင်မှတ်ထားသောငွေဝင်လမ်း ပေါ်ကာ အကျိုးအမြတ်ကောင်းရရှိမည်။ ချက်ချင်းဆုံးဖြတ်၍ လုပ်ကိုင်လိုက်သောလုပ်ငန်းတို့မှ ထူးခြားသော အကျိုးရရှိမည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်လုပ်သော အလုပ်တို့သည် တစ်ပါးသူပေးသောအကြံနှင့် လုပ် သေဘလုပ်ငန်းထက် ပို၍အောင်မြင်မည်။
21.3, 17 မှ 20.4. 17 ကြား
21.7. 17, 20.8. 17 ကြား
21.9.17 မှ 20.10. 17 ကြားရက်များတွင် လူမျိုးကွဲ၊ လူမျိုးခြားအကျိုးပေးမည်။ နေရာအပြောင်းအရွှေ ကိစ္စ ဆောင်ရွက်အောင်မြင်မည်။ အလုပ်နှင့်ဆက်စပ်သော ပြည်ပခရီးပေါ်မည်။ တိုင်းတစ်ပါးတွင်လုပ်ငန်းလုပ်သူ များအဖို့ နဂိုရပ်တန့်ကာ မွေးရပ်ပြန်ရန်စီစဉ်ပြီးမှ မပြန် ဖြစ်။ အလုပ်သစ်များဆောင်ရွက်ရမည်။ ပေါ်ပေါက်လာ သောအခြေအနေကို အသုံးချဆောင်ရွက်ခြင်းဖြင့် ပြည်ပဆက်လက်နေထိုင် အကျိုးပေးခြင်းရှိမည်။ အလုပ်တစ်ဖက်၊ ပညာတစ်ဖက် ပူးတွဲဆောင်ရွက်သူများအဖို့ အဆင့်မြင့်အလုပ်ကိစ္စများ ဆောင်ရွက်နိုင်ပါ သည်။ လုပ်ငန်းခွင်နှင့်ပတ်သက်သောပညာသင်တန်း များတက်ရောက်ရမည်။

မကာရရာသီဖွားတို့သည် တစ်ပါးသူဘဝတိုး တက်ရေးအတွက် အမြဲကူညီလေ့ရှိသည်။ အားနာမှု၊ ယုံလွယ်မှုကို အခွင့်အရေးယူခံရခြင်းများ မကြာခဏ ကြုံမည်။ သူတစ်ပါးအတွက် ကူညီဆောင်ရွက်ရင်း မိမိ အတွက် အကျိုးထူးများဆင့်ပွားရရှိမည်။ အပြောင်းအ လဲပြုရန် ဝန်လေးသောသူများဖြစ်သည်။ စိတ်ဆန္ဒရည် ရွယ်ချက်သစ်ပေါ်၍ ပြောင်းလဲမည်ဆိုကလည်းလွန်စွာ အောင်မြင်လေ့ရှိသည်။ အတွေးအခေါ်နှင့်ဆောင်ရွက် မှုအလုံးစုံသည် သူတစ်ပါးနှင့်မတူအောင်ဆောင်ရွက် လေ့ရှိသည်။ အလိုအလျောက်ဦးဆောင်ဦးရွက်ပြုရ သောအနေအထားကိုရောက်ရှိသည်။ အခြားသူတစ်ပါး တို့ဆောင်ရွက်ရန်ခက်ခဲသောကိစ္စတို့ကို ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.