အချစ်ရေး၊ မေတ္တာရေး - Find weekly Horoscope in my blog

March 30, 2016

အချစ်ရေး၊ မေတ္တာရေး

မကာရရာသီဖွားတို့သည် ရယူမှုထက်ပေးဆပ်မှုကို ဦးစားပေးသူများဖြစ်သည်။ အပြန်အလှန်နား လည်သဘောပေါက်မှုရှိသောချစ်သူကို ဦးစားပေး၍ ရွေးချယ်သတ်မှတ်သည်။ ငွေကြေး၊ ဓနဂုဏ်ဒြပ်အဖြာ ဖြာကိုတွက်ဆသူမဟုတ်။ နှလုံးသားစေစားမှုကို လေးထားသူများဖြစ်သည်။ ချစ်သူမှတောင်းဆိုလာမှုအ လုံးစုံကိုတတ်စွမ်းသမျှထာဝရဖြည့်ဆည်းသူများဖြစ် သည်။ နားလည်သည်းခံခွင့်လွှတ်ပေးဆပ်သောမေတ္တာ ကို ပိုင်ဆိုင်သူများဖြစ်သည်။ မိမိအပေါ်ကောင်းခြင်း၊ ဆိုးခြင်းအပေါ် တွက်ဆခြင်းမရှိဘဲ တသမတ်တည်း မယွင်းမပျက်သောအချစ်နှင့် ထာဝရတစိုက်မတ်မတ် ချစ်တတ်သူများဖြစ်သည်။ ပင်ကိုသဘာဝတွင် အေးတိ အေးစက်နှင့်ချစ်ခြင်းမေတ္တာအပေါ်နှုတ်မှတဖွဖွဖော်ပြ လေ့မရှိလင့်ကစား တစ်ပါးသူနှင့်နှိုင်းမရသော မေတ္တာ ကိုပိုင်ဆိုင်သူများဖြစ်သည်။ 
19.2.17မှ 20.3. 17ကြား
21.5.17မှ 20.6. 17ကြား
21.11.17 မှ 20.12.17 ကြားရက်များတွင် မေတ္တာရေးကံကောင်းမည်။ စိတ်ချမ်းမြေမှုများရှိမည်။ ချစ်သူ မရှိသူချစ်သူရမည်။ အချစ်ရေးနှင့်ပတ်သက်သော ပဋိ ပက္ခများငြိမ်းဒေအးသွားမည်။ ဘဝအတွက်အရေးပါ သော အချစ်ရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်ရမည်။ ဆုံစည်းပေါင်းဖက်ရန် လွန်စွာခက်ခဲသောအနေအထားရောက်ရှိနေသူများအဆင်ပြေပေါင်းစည်းရန်အနေအထားနှင့် စိတ်ချမ်း မြေ၊ ရန်ကြုံမည်။ သွားလေရာ၊ ရောက်လေရာဝန်းကျင်၌ လူချစ်လူခင်ပေါများမည်။ အချစ်ကံဆိုးခဲ့၍ အထီးကျန် နေသူများ မေတ္တာကံကောင်းခြင်းနှင့် စိတ်ချမ်းမြေမှု များပေါ်ထွန်းမည်။
21.1.17မှ 18.2. 17ကြား
21.4.17 မှ 20.5. 17 ကြား
21.10, 17 မှ 20.11, 17 ကြားရက်များတွင် မေတ္တာ ရေးအရှုပ်အထွေးများဖြစ်တတ်သည်။ ချစ်သူ၏အ ထင်လွဲမှားမှုများကို ဖြေရှင်းရမည်။ အဆင်မပြေမှုနှင့် စိတ်ရှုပ်ထွေးစရာများကြုံတွေ့နိုင်သည်။ ချစ်သူ၏စိတ် ပြောင်းလဲမှုနှင့် မိမိအပေါ်စိမ်းကားစွာ ဆက်ဆံမှုကိုကြုံ တွေ့ရတတ်သည်။ အသေးစားစိတ်အခန့်မသင့်မှုပေါ် အခြေတည်၍ အကြီးစားပဋိပက္ခများဖြစ်ပေါ်နိုင်သည်။
သံယောဇဉ်မထားသင့်သူအားထားခြင်း၊ အချစ်မှား၊ ဆုံး ဖြတ်ချက်မှားခြင်းများဖြစ်ပေါ်မည်။ အချစ်ရေးအရှုပ် အထွေးများကိုအခြေတည်၍ နာမည်ထိခိုက်ခြင်းများ ဖြစ်တတ်သည်။ လျှို့ဝှက်ထားသော မေတ္တာရေးကိစ္စ များ လူသိရှင်ကြားဖြစ်အောင်လုပ်သူရှိမည်။ ၂၀၁၇ ခုနှစ်တစ်နှစ်တာအတောအတွင်း ပုံ မှန်ထက်စန်းပွင့်မည်။ တစ်ဦးထက်မကသောချစ်သူရရှိ မည်။ မေတ္တာရေးကိုအကြောင်းပြု၍ စိတ်ရှုပ်ထွေးစရာရှိ တတ်သည်။ ကိုယ့်အပေါ်အမှန်တကယ်ချစ်မြတ်နိုးသူ များနှင့်ကြုံတွေ့မည်။ ဘဝအခြေအနေအပြောင်းအ လဲ၊နေရာထိုင်ခင်းအပြောင်းအလဲများကြုံပြီးနောက် မေတ္တာကံကောင်းခြင်းနှင့် စိတ်ချမ်းမြေ စရာများပူးတွဲ ဖြစ်ပေါ်မည်။ ခိုင်မာသောဆုံးဖြတ်ချက်နှင့် ရေရှည်လက် တွဲရန်မေတ္တာရေးကိစ္စများပေါ်ထွန်းမည်။ အထူးသတိပြု ရန်မှာ ထာဝရလက်တွဲရန်ဘဝအဖော်မွန်ကိုရွေးပြီးမှ အချစ်ရေး၊ မေတ္တာရေးရာကိစ္စတွင်စိတ်ကစားပြီး အပျော်တမ်းချစ်သူထားရာမှ ရုတ်တရက်အိမ်ထောင်ပြုရ သောအနေအထားသို့ကျရောက်ကာ အမှန်တကယ်ချစ်ရသောသူနှင့် ဝေးကွာရခြင်းများကြုံတွေ့ရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.