March 31, 2016

နိဂုံးချုပ်

"ဂရိဒဏ္ဍာရီတွင်(Oceanus)အမည်ရှိသောမဟာရေစီးကြောင်းကြီးသည် ကမ္ဘာကိုပတ်ကာစီးဆင်း၏။ကမ္ဘာ့အစွန်အဖျားထိုမဟာရေစီးကြောင်းကြီး၏။စတင်ဖြစ်ပေါ်ရာ မြစ်ဖျားခံသည့်ကမ်းစပ်တွင်ပေါ်ပလာ”(Poplar)ပင်များထူပြောစွာပေါက်ရောက်နေသည့်နက်ရှိုင်းသောတောအုပ်ကြီးတစ်ခုရှိ၏။ တောအုပ်အလယ်တွင် အဝင်ပေါက်(၁၀၀)နှင့် ဝင်္ကပါသဖွယ်ရှုပ်ထွေးနေသောလှိုဏ်ဂူပေါက်ကြီးသည်။“ဟေးဒီးစ်”ပိုင်စိုးသော မြေအောက်အမှောင်ကမ္ဘာသို့သက်ဆင်းရာလမ်းစဖြစ် ၏။ ဂူပေါက်မှသည် (၉)ရက်ကြာခရီးသွားလေသော်“ဟေးဒီးစ်”နေထိုင်သော မြေအောက်နန်းတော်၏ နယ်နိမိတ်ကိုရောက်၏။အမှောင်ကမ္ဘာ၊ တမလွန်ဘဝရောက်သူတို့၏နယ်မြေနှင့် “တာတားရပ်စ်” (Tartar us)ငရဲပြည်ကိုစိုးမိုးသောနတ်မင်းကြီး“ဟေးဒီးစ်” ၏အမည်ကို လူမဆိုထားနှင့် နတ်ဒေဝါများကပင် နှုတ်မှအသံထွက်ခေါ်ဝေါ်ပြောဆိုခြင်းငှာ မဝံ့ကြချေ။ “အား ဒိစ်”(Ades)ဟူ၍လည်းကောင်း၊“အိုက်ဒ်”(Aides)၍လည်းကောင်း၊ “အေဒွန်းနီးယပ်စ်”(Aidoneus)ဟူ၍
လည်းကောင်း၊ “ဒိုက်စ်(Dis) ဟူ၍လည်းကောင်း အမည်တို့ ကို အခေါ်အဝေါ်ပြောင်းလဲ၍သာသုံးစွဲဝံ့ကြ သည်။ ရောမတို့ကမူ“ပလူတို”(Pluto)ဟူ၍ခေါ်ကြ သည်။ “ဟေးဒီးစ် သည် အခြားနတ်မင်းကြီးများကဲ့သို့ အိုလံပီယာတောင်ထိပ်၌ နေထိုင်စံစားခြင်းမရှိ။ အ မှောင်ထုလွမ်းမိုးသော တမလွန်ဘုံ သားတို့၏မြေ
အောက်ကမ္ဘာတွင်သာ တစ်သီးတစ်ခြား နေထိုင်စံစား ၏။ “ဟေးဒီးစ်” သည် မြေအောက်ငရဲကမ္ဘာ၏ အရှင်
သခင်ဧကရာဇ် (King of Hill)ဟူ၍သတ်မှတ်သည်။နေထိုင်ရာနန်းတော်ကိုလည်း ငရဲမင်း၏နန်းတော်ဟူ၍ သတ်မှတ်သည်။ ပြီး
ငရဲနန်းတော်သို့ရောက်ရှိရန်မြစ်ကြီးငါးသွယ် ကို ဖြတ်သန်းရသည်။ ပထမဆုံးမြစ်သည်”သောကမြစ် (River of Woe)ဖြစ်၏။ ဂရိဘာသာစကားနှင့် အက်ဒီ ရွန်”(Acheron)ဟုခေါ်ဆို၏။ ဒုတိယမြစ်သည်ကား”ကိုစီတက်ခ်”(Cocytus) ဖြစ်၍ အနက်အဓိပ္ပာယ်သည် “ငိုကြွေးသောမြစ်”(River of Wailing) ဟူ၍ဖြစ်၏။ “လသီ”(Lethe)အမည်ရှိသော မြစ်သည် တတိယ
မြောက်မြစ်ဖြစ်သည်။ “အတိတ်မေ့မြစ်”(River of Oblivion)ဟူ၍ အနက်အဓိပ္ပာယ်ရှိသည်။ စတုတ္ထမြစ် သည် “ပလက်ဂီသွန်”(Phlegethon)ဖြစ်၏။ အနက် အဓိပ္ပာယ်သည် (River of Fire)“အလျှံတငြီးငြီးတောက်လောင်နေသော မီးလျှံ၊ မီးခဲ၊ ချော်ရည်၊ ချော် မြှုပ်တို့နှင့် စီးဆင်းနေသောမြစ်” ဖြစ်သည်။ ပဉ္စမ မြောက်မြစ်သည် မရဏနန်းတော်ကို(၉)ပတ်ပတ်၍ စီး ဆင်းနေသော“စတစ်စ်”(River of Styx)မြစ်ဖြစ်သည်။ ထိုမြစ်မှအဆိပ်ရည်တို့ကို နတ်ဒေဝတာတို့က သစ္စာရေ အဖြစ်သုံးစွဲသည်။ အဆိပ်ရည်တို့ကိုသောက်၍ သစ္စာ ဆိုစေသည်။ သစ္စာတည်သမျှ အန္တရာယ်မရှိ။ သစ္စာ ပျက်လေသော် အဆိပ်တက်၍မရှုမလှခံစားကာသေပွဲ ဝင်ရ၏။ ဤမြစ်ငါးသွယ်ကိုအကြောင်းပြု၍“ဟေးဒီးစ်” နတ်မင်းကြီးသည် သေလွန်ခြင်းကိုသာမက အပူသော ကအလုံးစုံကိုခံစားစေခြင်း၊ ငိုကြွေးခြင်းကိုဖြစ်ပေါ်စေခြင်း၊ ဘဝချင်းခြားနား၍ မေ့လျော့စေခြင်း၊ အရှိန်အလျှံ တငြီးငြီးတောက်လောင်နေသော မီးလျှံ၊ မီးခဲသဖွယ် ဘေးဥပဒ်ပေးနိုင်ခြင်းနှင့် သစ္စာမဲ့သူတို့ကိုအသက်ဇီဝိန် ခြွေနိုင်သောစွမ်းပကားတို့ကို ပိုင်ဆိုင်သူဟုသတ်မှတ် ၏။ “စတစ်စ်” မြစ်ကိုဖြတ်သန်းပြီးသော် မြစ်နှင့်ငရဲမင်း နန်းတော်အကြား ဂမုန်းပွင့်လွင်ပြင်'အယ်ဖဒဲလ်ဖီးလ်” (Asphodel Field)တည်ရှိ၏။ ဂမုန်းပွင့်လွင်ပြင်ကိုကျော်လွန်လျှင် ငရဲနန်းတော်၏ မြို့ရိုးတံခါးဝ “အာရ ဘက်စ်”(Erebus)ကိုရောက်ရှိ၏။ မြို့ရိုးအဝင်ဝကို
ကျော်ဖြတ်ရန် နန်းရင်ပြင်သို့သွားရာလမ်း၏ လက်ဝဲ ဘက်၌ အဖြူရောင်“ဆိုင်းပရက်စ်”(Cypress)အပင် ကြီးရှိ၏။ ထိုအပင်ကြီး၏အောက်တွင် အလွန်တင့်တယ် သောရေကန်ရှိ၏။ ထိုရေကန်ကို(Pool of Lethe)ဟူ၍ ခေါ်သည်။ ထိုရေကန်မှရေကိုသောက်သုံးလေသော် အသိစိတ်မှတ်ဉာဏ်ကင်းမဲ့ခြင်းကိုဖြစ်စေ၏။ လက် ယာဘက်တွင်မူ အဖြူရောင်“ပေါ်ပလာ”ပင်ကြီးတစ် ပင်ရှိ၏။ ထိုအပင်၏အောက်တွင်လည်း သာယာလှပသောဝန်းကျင်နှင့် ရေကန်တစ်ကန်ရှိပြန်၏။ ထိုကန်ကို (Pool of Memory) မှတ်မိခြင်းကန်ရေဟု သတ်မှတ်သည်။ ထိုရေကိုသောက်သုံးသော် အသိဉာဏ်လွန်စွာ ထက်မြက်၏။ သေလွန်သူတို့ထံမှ ကူးတို့ခကိုယူ၍ စ တစ်စ်”မြစ်တစ်ဖက်ကမ်းကိုလှေနှင့် ပို့ဆောင်သူကား “ရွန်”(Charon)ဖြစ်၏။“ခါရွန်”ဟူ သောအမည် သည် အလွန်စူးရှသောမျက်ဝန်းရှင်ဟု အနက်အ ဓိပ္ပာယ်ရှိ၏။ ငရဲနန်းတော်တံခါးဝတွင် ခေါင်း(၃)လုံး နှင့်”ဆဲဘရက်စ်”(Cerberus)မှ ငရဲခွေးစောင့်ရှောက် သည်။ ထိုငရဲခွေးကြီး၏ လည်ပင်း(၃)ခုတွင် အရှင် လတ်လတ်မြွေများလိပ်ခွေနေသော ခွေးလည်ပတ် ရှိ၏။ လာခွင့်ရှိသူတို့သာ ဝင်ရောက်နိုင်ရန် လုံခြုံ တင်း
ကျပ်လှသော နန်းတော်ကြီးအတွင်း“ဟေးဒီးစ်”သည် ငရဲတမလွန်ဘုံ၏ တရားသူကြီးများဖြစ်သည့် “အီအာ ကပ်စ်”(Aeacus)“မိုင်နာ့စ်”(Minos)၊ “ရတ်အာမန် ဘတ်စ်”(Rhadamanthus)တို့နှင့်တကွ အခြားငရဲ ထိန်းကြီး(၅)ဦးနှင့်အတူ စံမြန်းနေထိုင်၏။ ဤသို့တန် ခိုးအရှိန်အဝါကြီးမားလှသောဟေးဒီးစ်”သည် မြေ
အောက်ကမ္ဘာကိုမင်းမူသည်သာမက ဗြိစ္ဆာရာသီကိုစိုးမိုး၍ ဗြိစ္ဆာရာသီဖွားတို့ကို သူ၏ပုံရိပ်အဖြစ်ရှင်သန်စေ၏။ Assuu
ဗြိစ္ဆာရာသီဖွားအားလုံးတို့သည် ကောင်းကင် နတ်မင်းကြီးတို့အနက် ချမ်းသာကြွယ်ဝဆုံးသော“ဟေး ဒီးစ်နတ်မင်းကြီး၏ စောင့်ရှောက်မှုကြောင့် ကြွယ် ဝခြင်းနှင့် ဓနဥစ္စာပြည့်စုံခြင်းကိုရရှိမည်။ ပုံမှန်မဟုတ်သောငွေကြေးသုံးစွဲရမှုကြုံခါနီးတိုင်း ကြိုတင်၍ကုန်ကျ သုံးစွဲရမည့်ငွေကြေးအတိုင်းအတာနှင့် ညီမျှသောငွေ အလိုအလျောက်ပေါ်ထွန်းလေ့ရှိသည်။ အခြားသူတို့ က အကျိုးအမြတ်များစွာမဖြစ်နိုင်၊ အသေးအမွှားလုပ် ငန်းဟုထင်မှတ်ထားသည့်လုပ်ငန်းများကို ဆောင်ရွက် က ကြီးပွားချမ်းသာခြင်းကိုရရှိမည်။ အလိုလောဘကြီး ၍မရ။ ငွေကြေးရလိုမှုအတွက်ဆောင်ရွက်လေ ငွေ ကြေးရရှိရန်ခက်ခဲလေဖြစ်မည်။ အကျိုးအမြတ်ကို မျှော်လင့်ချက်မထားဘဲ ပေါ်ပေါက်လာသည့်အခြေအ နေတို့ကိုအသုံးချ၍ အလုပ်စီးပွားတို့ကိုဆောင်ရွက်က
အောင်မြင်ကြီးပွားမှုကို ရရှိမည်။ အလုပ်အကြံအစည် တို့ကိုဆောင်ရွက်ရာတွင် တစ်ကိုယ်တော်တစ်သီးတစ် ခြားလုပ်လေ အောင်မြင်လေဖြစ်မည်။ လျှို့လျှို့ဝှက် ဝှက်၊ သိုသိုသိပ်သိပ်လုပ်ကိုင်လေ ကိုယ့်ဘဝအောင်မြင်လေဖြစ်မည်။ ဗြိစ္ဆာရာသီဖွားအားလုံးတို့သည် အပူ သောက ဝမ်းနည်းကြေကွဲငိုကြွေးခြင်းနှင့် ခါးသီးသော ဘဝကိုမေ့လျော့ပယ်ဖျောက်ချင်လောက်အောင် အပူ မီးတောက်များကိုဖြတ်သန်းပြီးမှ ဘဝအောင်မြင်မှုကိုရ ရှိလေ့ရှိသည်။ ခိုင်မာသောသစ္စာတရားနှင့် အရာရာအပေါ် ချင့်ချိန်တွေးတောတတ်သောသဘာဝကိုအခြေခံ ၍ ဘဝအောင်မြင်မှုကိုရရှိမည်။
လွန်ခဲ့သော(၃)နှစ်ဆက်တိုက် ခက်ခဲကြမ်း တမ်းသောဘဝမုန်းတိုင်ကြမ်းအကြား ဖြတ်သန်းခဲ့ရာမှ အညံ့အဆိုးတစ်စစလျော့ပါးကာ ဘဝအခြေအနေ
ပြောင်းလဲမှုများဖြစ်ပေါ်နေသော ဤတစ်နှစ်တာအ တွင်း -

ငွေကြေးအကျိုးအမြတ်မြောက်မြားစွာရရှိရန် လုပ် ငန်းတို့ကိုမျှော်လင့်စောင့်စားနေခြင်းထက် မိမိမနော စိတ်ဆန္ဒမှ လုပ်ကိုင်လိုသော လုပ်ငန်းလမ်းစသစ်တို့ကို အကျိုးအမြတ်မမျှော်ကိုးဘဲ ရှေ့တိုးလုပ်ကိုင်ပါ။ ထင် ရှားစွာအောင်မြင်တိုးတက်မည်။
အများသူငှာတို့က အသေးအမွှားဟုယူဆကာ ပယ် ရှားပစ်ပယ်ထားသောလုပ်ငန်းတို့ကို လုပ်ကိုင်ခြင်း၊ ငွေ ကြေးလာဘ်လာဘပေါများစည်ပင်ရန်အလားအလာမ ရှိဟုသတ်မှတ်ထားသောနေရာဋ္ဌာနများတွင် အခြေ တည်၍လုပ်ကိုင်ခြင်းဖြင့် ထူးခြားသောတိုးတက်ကြီးပွား မှုကိုရရှိမည်။
ထင်ပေါ်ကျော်ကြားလူသိများအောင် ပြောဆိုနေ ထိုင်ခြင်းပြုက အန္တရာယ်များမည်။ သိပ်သည်းကျစ်လျစ် စွာမထင်မရှားနှင့် လုပ်ကိုင်ခြင်းဖြင့် အန္တရာယ်အလုံးစုံ ကင်းရှင်း၍ လိုအင်ဆန္ဒပြည့်စုံခြင်းကိုရရှိမည်။

ငွေကြေးအကျိုးအမြတ်မြောက်မြားစွာရရှိရန် လုပ် ငန်းတို့ကိုမျှော်လင့်စောင့်စားနေခြင်းထက် မိမိမနော စိတ်ဆန္ဒမှ လုပ်ကိုင်လိုသော လုပ်ငန်းလမ်းစသစ်တို့ကို အကျိုးအမြတ်မမျှော်ကိုးဘဲ ရှေ့တိုးလုပ်ကိုင်ပါ။ ထင် ရှားစွာအောင်မြင်တိုးတက်မည်။
ပရဟိတအများအကျိုးအတွက်ဆောင်ရွက်သော ကိစ္စမဟုတ်ဘဲ ဂုဏ်ရှိန်ဂုဏ်ဝါအတွက် ဖွဲ့စည်းထားသော အသင်းအဖွဲ့များတွင် နေရာပေးခံရခြင်း၊ တာဝန် ပေးခံရခြင်းများကြုံမည်။ ရှောင်ရှားပါ။ လက်ခံမိက အ ချိန်ကုန်၊ ငွေကုန်၊ စိတ်ပန်းလူပန်း ကိုယ်ကျိုးစီးပွား ပျက်ယွင်းခြင်းများ ကြုံတတ်သည်။
သိုသိပ်လျှို့ဝှက်စွာလုပ်ရမည့်ကိစ္စတို့ကို အခြားတစ် ပါးသူအားယုံကြည်စိတ်ချရမည်ဟုမှတ်ထင်ကာ ဖွင့်ဟ တိုင်ပင်ခြင်းမပြုသင့်။ သစ္စာမဲ့သူများနှင့်ကြုံကာ လျှို့ဝှက်ချက်များပေါက်ကြားတတ်သည်။ ဤကား ၂၀၁၈ မှာတမ်းတည်း။"

No comments:

Post a Comment

Note: Only a member of this blog may post a comment.