March 31, 2016

ကျန်းမာရေး

"ကျန်းမာရေး
ဗြိစ္ဆာရာသီသည် လူခန္ဓာကိုယ်၏ ခါးအောက် ပိုင်း၊ ဆီးစပ်၊ ဆီးခုံသဘာဝမျိုးပွားအင်္ဂါအစိတ်အပိုင်း တို့ကိုစိုးမိုးသည်။ ခန္ဓာကိုယ်အတွင်းပိုင်းအနေနှင့် ဆီး အိတ်၊ ဆီးသွားလမ်းကြောင်းနှင့် အူသိမ်တို့ကိုစိုးမိုး သည်။ ဖော်ပြပါခန္ဓာအစိတ်အပိုင်းတို့တွင် ကျန်းမာရေး ဆိုင်ရာအားနည်းချက်များဖြစ်ပေါ်တတ်သည်။ ရောဂါ ဝေဒနာကပ်ငြိတတ်သည်။ ဤရာသီဖွားအမျိုးသမီးများ အဖို့ သားအိမ်သွေးသားနှင့်ပတ်သက်သောရောဂါများ ကို အထူးသတိရှိရမည်။ ကျား၊ မ မရွေးတို့သည် ဆီး လမ်းကြောင်းကျောက်တည်ခြင်းနှင့်ပတ်သက်သော ဝေဒနာဖြစ်တတ်သည်။ အမျိုးသမီးများထက် အမျိုး သားများပိုမိုဖြစ်တတ်သည်။ အစာအိမ်ဝမ်းဗိုက်နှင့်ပတ် သက်သောရောဂါဝေဒနာတို့ကို အထူးသတိရှိရမည်။ အစားအသောက်၊ အနေအထိုင်အနည်းငယ်မှားယွင်း သည်နှင့် အစာအိမ်အောင့်ခြင်း၊ နာခြင်းများဖြစ်တတ် 21.3.18 မှ 20.4.18 ကြား 21.6.18မှ 20.7.18 ကြား 21.11.18 မှ 20.12.18ကြားရက်များတွင် ကျန်းမာ ရေးအညံ့များဖြစ်တတ်သည်။ ရုတ်တရက်ကျန်းမာရေး ကျဆင်းကာ ကူးစက်တတ်သောရောဂါဝေဒနာများ ဖြစ်ပေါ်နိုင်သည်။ အစာအိမ်နှင့်ပတ်သက်သောဝေဒနာ
ဟောင်းများ ပြန်လည်ဖြစ်ပေါ်မည်။ ခန္ဓာကိုယ်တွင် အ နာအဖုများပေါက်တတ်သည်။ အနာပဆုပ်ကဲ့သို့ ဝေဒ နာအမျိုးအစားကို အထူးသတိရှိရမည်။ နေထိုင်မှုသန့် ရှင်းရေး အထူးဂရုစိုက်ရမည်။ အရေပြားနှင့်ပတ်သက် သောဝေဒနာ သတိရှိပါ။ နှာစေး၊ နှာပိတ်ခြင်းများ မ ပျောက်ကင်းဘဲ ရက်ရှည်၊ ကာလရှည်ကြာ ဖြစ်ပေါ်နေ မည်။ ခန္ဓာကိုယ်တွင် အသားအကျိတ်အဖုများဖြစ် ပေါ်တတ်သည်။ စိုးရိမ်ရန်မရှိပါ။ သမားရိုးကျ အပို ထွက်ခြင်းဖြစ်မည်။ သည်။
၂၀၁၈ ဧပြီ ၅၊ ၆၊ ၇၊ ၈၊ ၁၆၊ ၂၀၊ ၂၄၊ ၂၆၊ ၂၈ F၂၀၁၈ ဇူလိုင် ၁၊ ၃၊ ၅၊ ၁၃၊ ၁၆၊ ၁၉၊ ၂၈၊ ၃၁ ၂၀၁၈ ဒီဇင်ဘာ ၉၊ ၁ဝ၊ ၁၂၊ ၁၈၊ ၂၅၊ ၂၈၊ ၂၉ ရက် များတွင် မတော်တဆ ထိခိုက်မှုအန္တရာယ် အထူးဂရုစိုက်ပါ၊ ယာဉ်ကားမောင်းနှင်မှုသတိရှိရမည်။ ဆေးထိုး၊ဆေးသောက် မှားယွင်းတတ်သည်။ သမားတော်များနှင့်
 တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ဆေးစပ်သောက်ခြင်းများ ရှောင်ပါ။ ဒေါသအလျောက်ရန်ခိုက်ဖြစ်ရာမှ သွေး ထွက်သံယိုဖြစ်ကာခန္ဓာကိုယ်အစိတ်အပိုင်းတွင် သေရာပါ ဒဏ်ရာရခြင်း၊ ကိုယ်ခန္ဓာချို့ယွင်းခြင်းများဖြစ် သည်။ အစာအဆိပ်ဖြစ်တတ်သည်။မတည့်သောအစားအသောက်တို့ကိုစားသုံးရာမှ အစာအိမ်အောင့် ခြင်းများဖြစ်တတ်သည်။ အနက်ရောင်နှင့် အနီရောင် တွဲဝတ်ခြင်းများရှောင်ပါ။
ညအချိန်မတော်လူပြတ်သောနေရာများသို့ သွာလာခြင်းသွားရောက်နေကြမဟုတ်သောနေရာ သွားလာရာမှ အန္တရာယ်ဖြစ်တတ်သည်။ ဆီး၊ ဝမ်းချုပ် ခြင်းများဖြစ်တတ်သည်။ ဝမ်းမှန်စေရန် အထူးဂရုစိုက်ရ မည်။ ပူစပ်သောအစားအသောက်များ၊ ဝမ်းချုပ်စေသောအစားအသောက်များ လွန်ကဲစွာစား သုံးခြင်းကိုရှောင်ပါ။ (Fistulas)ဟုခေါ်သောဂရင်ဂျီနာဖြစ်လွယ်သည်။ လိပ်ခေါင်းနှင့်ပတ်သက်သောရောဂါဝေဒနာအထူးဂရုစိုက်ရမည်။ မပေါ့ဆအပ်၊ အလှအပနှင့်ပိန်ပါးမှုတို့ကိုဖြစ်ပေါ်စေရန်အလို့ငှာထုတ်လုပ်ဖော်စပ်ထားသည့် တရားမဝင်သောဆေးဝါးတို့ကို သုံးစွဲခြင်း၊ ဓာတ်စာဟုခေါ်သည့်ဆေးဝါးတို့ကို ကျွမ်းကျင်သည့်ဆရာဝန်တို့နှင့်ညှိနှိုင်းခြင်းမရှိဘဲ သောက်သုံးရာ
မှ ဝေဒနာဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။ အပျော်အပါးလိုက်စားရာမှ ဖြစ်တတ်သောရောဂါဝေဒနာဆိုးများ
လွယ်လင့်တကူ ကူးစက်ဖြစ်ပေါ်တတ်သည်။"

No comments:

Post a Comment

Note: Only a member of this blog may post a comment.