Dec16th မှ Dec22nd ကြား - Find weekly Horoscope in my blog

December 16, 2015

Dec16th မှ Dec22nd ကြား

အပြီးသတ်၊ အဆုံးသတ်ချိန်ရောက်ခါမှ ပြဿနာကြုံကာ အလုပ်ကိစ္စများ ရုတ်တရက်ရပ်တန့် ရမည်။ လက်ဝယ် ရရှိထားသောအခွင့်အရေးနှင့် အခြေအနေအားလုံးတို့ကို လုယူနှောင့်ယှက်သူများရှိနေလိမ့်မည်။ ချက်ချင်းပြီးမြောက် အောင် ဆောင်ရွက်နိုင်သည့် ကိစ္စအား တမင်အချိန်ဆွဲကာ ပညာပြဒုက္ခပေးသောအမှုထမ်းတစ်ဦးကြောင့် စီစဉ်ထားသည် မှန်သမျှ အလွဲလွဲအချော်ချော်ဖြစ်မည်။ ထိုသူယုတ်မာသည်လည်း အမှုအခင်းများနှင့် ခုံရုံးတင်အပြစ်ပေးခံရလိမ့်မည်။ စိတ်မြန်ခြင်း၊ မောက်မာစွာပြောဆိုခြင်းတို့ကို ကိုယ်ကလည်းမပြုရ။ တစ်ပါးသူတို့ပြုကလည်းရှောင်ပါ။ သစ္စာမဲ့သူများနှင့် ကြုံတတ်သည်။ ကတိပျက်သူများနှင့် တွေ့ ဆုံရမည်။ မနာလိုသူများ၊ ရန်အတိုက်အခံပြုသူများကြောင့် စိတ်သော ကဖြစ်ရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.