8.12.2015 to 14.12.2015 - Find weekly Horoscope in my blog

December 09, 2015

8.12.2015 to 14.12.2015

ကြာသပတေး
ရည်ရွယ်ချက်ကြီးမား၏။ ဆုံးဖြတ်ချက်မြန်သည်။ ပွင့်လင်းပြတ်သားသည်။ အတွေးအခေါ် အမြော်အမြင် ကြီးသည်။ ငါသိ၊ ငါတတ်၊ ငါဆရာလုပ်တတ်သော်လည်း ယခုအခါတွင် သင်၏လုပ်ရပ်တို့မှာ ခုတ်ရာတစ်ခြား၊ ထစ်ရာတစ်ခြား၊ မှားယွင်းမှုများ တေ့လွဲ လွဲမှုများ ဖြစ်ကိန်းရှိနေပါသည်။ အချင်းချင်းကလည်း သင့်အား သံသယများ ဖြစ်တတ်ပါသည်။ သို့သော် သင့်အနေဖြင့် အလုပ်အကိုင် ၊ စီးပွားေ၇း၊ ငွေဝင်မှုများ ရရှိမည် ဖြစ်ပါ သည်။ စက်၊ ယာဉ်၊ မြေတို့ ၀င်ကိန်းရှိပါသည်။ ထွက်ကိန်းလည်းရှိပါသည်။ အပေါင်းအသင်းမှား ကိန်းရှိ၍ လူယုံမထားသင့်ပါ။ အချစ်ေ၇းမှာ အဆင်ပြေမည်။ လက်ထပ်ပွဲလည်းဖြစ်မည်။ အိမ်ထောင်ရေးလည်း အဆင် ပြေမည်။ မိသားစုလိုက် ဘုရားဖူး ထွက်ရတတ်သည်။ စီးပွားရေးလုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။ အောင်မြင် မည်။
အကျိုးပေးဂဏန်း ၄၊ ၅၊ ၆
အထူးဟော - အတိုက်အခံ မလုပ်ပဲ ၊ သည်းခံပေးလိုက်ပါ။
ယတြာ - ကြာသပတေးနေ့ နံနက်တွင် အုန်းပန်း၊ အုန်းညွန့် အိမ်ဘုရားကပ်၍ ဆုတောင်းလိုက်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.