8.12.2015 to 14.12.2015 - Find weekly Horoscope in my blog

December 09, 2015

8.12.2015 to 14.12.2015

သာကြာ
စိတ်လေနေသူဖြစ်သည်။ အရာရာတွင် စိတ်တိုင်းမကျဖြစ်နေ၍ စိတ်ရှုပ်နေသူလည်းဖြစ်သည်။ မကြာမီ ရက်ပိုင်းအတွင်း သင်၏ စိတ် ထွက်ပေါက်ရရှိလိမ့်မည်။ တိုးတက်မှုများနှင့်အတူ ထွန်းပေါက် အောင်မြင်မှု လည်းရှိသည်။ လွတ်လပ်စွာလုပ်ကိုင်ခြင်းနှင့် တစ်ဇွတ်ထိုးလုပ်ကိုင်ခြင်းတို့ကြောင့် တဟုန်ထိုး အောင်မြင် တိုးတက်လာမည်။ စာမေးပွဲအောင်မည်။ အလုပ် အင်တာဗျုးအောင်မည်။ ရာထူး တက်မည်။ နေရာရွှေ့ပြောင်း ရမည်။ ကျန်းမာရေး အနည်းငယ်ဂရုစိုက်ပါ။ အချစ်ရေး၊ အိမ်ထောင်ေ၇းမှာ အိမ်ကသဘောမတူ၍ ခိုးရာ လိုက်ပြေးရတတ်သည်။ ရင်ဘက်၊ ၀မ်းဗိုက် ကျန်းမာရေး ဂရုစိုက်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ အိမ်ထောင်ပြုဖြစ်မည်။ ကိုယ်ချစ်တာကို လိုချင်သူဖြစ်သည်။ အိမ်အပြောင်းအရွှေ့ရှိသည်။ နေရာဒေသ ပြောင်းရွှေ့မှုရှိသည်။ ငွေဝင်ငွေထွက်ကြမ်းမည်။
အကျိုးပေးဂဏန်း ၆၊ ၇၊ ၈
အထူးဟော - တစ်ဇွတ်ထိုး မလုပ်သင့်ပါ။
ယတြာ - သောကြာနံနက်တွင် အုန်းသီးဆံ ၆ ဆံကို အိမ်ဘုရားကပ်လှူ၍ ဆုတောင်းလိုက်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.