Oct 14th မှ Oct 20th ကြား - Find weekly Horoscope in my blog

October 14, 2015

Oct 14th မှ Oct 20th ကြား

ပြိုင်အဆိုင်၊ အတိုက်အခံနှင့် မနာလိုသူများဝန်းရံနေလိမ့်မည်။ စိတ်ကူးကောင်းတို့ကို ရဲရင့်စွာ အကောင် အထည်မဖော်ဝံ့ရဲသောကြောင့် တိုးတက်မှုများနှောင့်နှေးမည်။ ပြန်လည်ပေးဆပ်မည်မဟုတ်ဟု သိလျှက်နှင့် အားနာ၍ ငွေချေးငှားရလိမ့်မည်။ ကြားဝင်၍အာမခံရာမှ စိုက်ထုတ်အလျော်ပေးရလိမ့်မည်။ ခြံ၊ ကား၊ အခန်းအရောင်းအ၀ယ်၊ အလဲလှယ်လုပ်သောကိစ္စများမှ ငွေဝင်မည်။ ထိုသို့ငွေဝင်ပြီး မကြာမီရောင်းမှား၊ ၀ယ်မှားအမှုဖြစ်ကာ ရုံးရောက်၊ ဂါတ် ရောက်ဖြစ်တတ်သည်။ နိုင်ငံခြားသို့သွားရောက်ရန် ကြံစည်သူများ လိုရာခရီးရောက်မည်။ တိုင်းတစ်ပါးနှင့် လုပ်ကိုင် သောကိစ္စမှ ထင်ရှားသောတိုးတက်မှုရရှိမည်။ နေအိမ်ပြောင်းလဲခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်နိုင်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.