Oct 14th မှ Oct 20th ကြား - Find weekly Horoscope in my blog

October 14, 2015

Oct 14th မှ Oct 20th ကြား

ဆန္ဒပြင်းထန်လွန်းသောကိစ္စများမဖြစ်။ အတင်းရှေ့ တိုးလုပ်လေ စိတ်ရှုပ်ရလေဖြစ်မည်။ စိတ်လျှော့ပြီးလျှင်ဖြစ်၊ မဖြစ်လျှင်နေဟူ၍ စိတ်ထားလိုက်ပါက အလုံးစုံအဆင်ပြေသွားမည်။ နေရာထိုင်ခင်းကိစ္စအတွက်စိတ်ရှုပ်ရမည်။ ကာလအတန်ကြာအခြေခံမှစ၍ လုပ်နေသောကိစ္စများ ရုတ်တရက်ရပ်တန့်မည်။ပစ္စည်းပျောက်တတ်သည်။ခရီးကိစ္စအဆင်ပြေမည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ သူစိမ်းများကောင်းကျိုးပေးသောကာလဖြစ်ပါသည်။ အတတ်ပညာအကျိုးရှိမည်။ ရည်မှန်းချက်သစ်အောင်မြင်မည်။ အခက်အခဲကြုံပြီး တိုးတက်ခြင်းများဖြစ်မည်။ သူတစ်ပါးကျန်းမာရေးအတွက် ကူညီပေးရမည်။ စုပေါင်းလုပ်ငန်းအကျိုးပေးသည်။ မေတ္တာရေးတွင် စန်းပွင့်မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.