ဘာသာရေးကိစ္စဆောင်ရွက်မှုအပေါ် ကဲ့ရဲ့ သူများပေါ်တတ်သည်။ နားမယောင်ပါနှင့်။ အခက်အခဲ ရှိသော မိမိမိတ်ဆွေရင်းသားရင်းများအပေါ် ကူညီခြင်း ပြုရမည်။ ထိုသို့တစ်ပါးသူအားကူညီနေခြင်းကိုမဏ္ဍိုင် ပြု၍ တိုက်ခိုက်ထိုးစစ်ဆင်မှုများ သရော်စကားပြောခြင်း များကြုံလိမ့်မည်။ ကြံ ကြံရွဲ့ခံပါ။ မိမိနံဘေး၌ ဝိညာဉ်ဆိုး ပူးကပ်နေသူများရှိနေခြင်းကို သတိထားရမည်။ ကောင်း မှုကိစ္စလုပ်မည်ကြံတိုင်းအိမ်ပူခြင်း၊ ရန်ဖြစ်ခြင်း၊ စိတ် အနေနှာင့်အယှက်ဖြစ်ရခြင်းကြုံမည်။ မကောင်းသော ကိစ္စဆောင်ရွက်မည်ဆိုက တားဆီးမည့်သူမရှိ။ လုပ်ရ သည်မှာလွယ်ကူမည်။ အလှူအတန်းကိစ္စများဆောင်ရွက်ပါ။

No comments:
Post a Comment
Note: Only a member of this blog may post a comment.