July 23rd မှ July 29th ကြား - Find weekly Horoscope in my blog

July 23, 2018

July 23rd မှ July 29th ကြား

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ စည်ပင် စည်းကမ်းနှင့်ပတ်သက်သောပြဿနာများဖြစ်တတ် သည်။ အမှုအခင်းတိမ်းရှောင်၍လာရောက်တည်းခိုသူ များတို့ကို လက်ခံမိရာမှ ပြဿနာများဖြစ်တတ်သည်။စာရွက်စာတမ်းများ တာဝန်ယူလက်မှတ်ရေးထိုးခြင်းမ ပြုရ။ လူမှုရေးကိစ္စ ကြားဝင်တာဝန်ယူခြင်း၊ အာမခံခြင်း မပြုရ။ အလိုက်မသိသောမိတ်ဆွေဆိုးများကြောင့် စိတ်သောကဖြစ်စရာများကြုံမည်။ မည်သူတစ်ဦးတစ် ယောက်၏စကားကိုမှ ယုံစားရန်မသင့်။ ကိုယ့်ရှေ့ပြော သည်ကတစ်မျိုး၊ ကွယ်ရာလုပ်သည်ကတစ်ဖုံ ပြော သည့်ကိစ္စကတစ်မျိုး၊ လုပ်သည့်ကိစ္စကတစ်မျိုးကြုံ မည်။ ကိုယ်ကမကောင်းဘဲ သူတစ်ပါးကိုဆိုးသည်ဟု တဖက်သတ်ယုတ်ညံ့စွာ ပြောဆိုတတ်သောသူများနှင့် ကြုံတွေ့ရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.