စိတ်ပျံ့လွင့်မည်။ အာရုံစုစည်းရန်ခဲယဉ်း မည်။ မည်သည့်အလုပ်ကိုလုပ်စေ အာရုံစူးစိုက်၍ မရ သလိုဖြစ်မည်။ ဖြစ်လိုသောစိတ်များ ရင်ထဲတဖွားဖွား ပေါ်မည်။ မည်သည့်အရာကိုဖြစ်လိုသည်လည်းတိတိကျကျမဆိုနိုင်။ ဝင်လာသောငွေများကိုလည်း သုံးစွဲလို စိတ်များမည်။ ခရီးသွားလိုစိတ်၊ လှုပ်ရှားလိုစိတ်များရှိမည်။ နေရာတစ်ခု၌လည်း ကြာကြာမြင့်မြင့်မနေလို ဆက်ဆံနေသောဝန်းကျင်နှင့် မိမိအကြားတွင်လည်း အဆင်မပြေမှုများရှိနေမည်။ ပေါ့ဆ၍ ပျောက်ရှခြင်း များလည်းဖြစ်တတ်သည်။ မကောင်းမှုဝန်းကျင်၌ စိတ် ကျက်စားလိုမည်။ ပူလောင်ထိရှမှုများဖြစ်တတ်သည်။ လိမ်ညာလှည့်စားသူများနှင့်တွေ့မည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.