စီစဉ်ထားသည်ကတစ်မျိုး၊ လက်တွေ့ဆာင်ရွက်ရသည်ကတစ်မျိုးကြုံမည်။ အပြောင်းအလဲ ကိစ္စအတွက် ဆောင်ရွက်အောင်မြင်မည်။ ပစ္စည်း ပျောက်တတ်သည်။ ခါးပိုက်နှိုက်ခံရတတ်သည်။ မြေ ကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားပြောရမည်။ အရပ်ဝေးနှင့်ချိတ်ဆက်ဆောင်ရွက်ရသောလုပ်ငန်းများမှ ထူးခြားသောတိုးတက်မှုများရရှိမည်။ မမျှော်လင့် ဘဲ ပန်းခြံတစ်ခုသို့သွားရောက်ရခြင်းကြုံမည်။ ပန်းပင် လက်ဆောင်ရလိမ့်မည်။ အိမ်တွင်စိုက်ပျိုးရန်မသင့်။ သူတစ်ပါးအားလက်ဆောင်အဖြစ်ပေးလိုက်ပါ။ အိမ် တွင်ထားရှိက ရန်များခြင်း၊ အမှုပြဿနာဖြစ်ခြင်းများ ကြုံမည်။ အတူနေအုပ်စုနှင့်ခွဲခွာရတတ်သည်။ နေရာ ထိုင်ခင်းကိစ္စ၊ ခြံ၊ ကား၊ အခန်းကိစ္စတို့အတွက် စိတ်အ နှောင့်အယှက်ဖြစ်ရမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.