ဘာသာရေးကျောင်းတစ်ခုနှင့် နီးသောနေ ရာတွင်ရှိသော နေရာတစ်ခုသို့သွားရောက်၍ လူကြုံ ပစ္စည်းတစ်ခုသွားရောက်ယူရလိမ့်မည်။ထိုမှအပြန်ထူး ခြားသောကံကောင်းခြင်းနှင့် စိတ်ချမ်းမြေစရာများဖြစ် ပေါ်မည်။ အခက်အခဲများကိုကျော်လွှား၍ တိုးတက်မှု များရရှိမည်။ လုပ်ငန်းစီးပွား တွဲဖက်ဆောင်ရွက်သူတစ် ဦးသို့မဟုတ် မိမိမိသားစုဝင်တစ်ဦးကဖြစ်စေ မိုက်မိုက် မဲမဲလုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများ အား လိုက်လံဖြေရှင်းပေးရမည်။ အမှုပြဿနာဟောင်း များ ပြန်လည်ဖြေရှင်းရင်း ပြဿနာသစ်များထပ်မံဖြစ် ပေါ်တတ်သည်။ တစ်ပါးသူကိစ္စများအတွက် ကြားဝင် အာမခံပေးရခြင်း၊ ထောင်၊ ရုံး၊ ဂါတ်သို့သွားရောက်ကူ ညီပေးရခြင်းများကြုံမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.