January 22, 2018

Jan 22nd မှ Jan 28th ကြား



ရင်းနှီးမှုကိုအခွင့်အရေးယူ၍ အနှောင့်အ ယှက်ပေးသူများနှင့် ကြုံတွေ့ရတတ်သည်။ အတိတ် ကာလအမှားအယွင်းတို့ကိုဖော်ထုတ်၍ နာမည်သိက္ခာ ထိခိုက်အောင် နှောင့်ယှက်သူများကြုံမည်။စန်းပွင့်ခြင်း ကြောင့်ဖြစ်ပေါ်လာသောပြဿနာသည် နာမည်သိက္ခာ ထိခိုက်ခြင်း၊ စွပ်စွဲပြောဆိုခံရခြင်းကြုံမည်။ ကိုယ့်အ ပေါ်စေတနာကောင်းထားသူတို့အား လုပ်ကြံသတင်းပေး၍ အကူအထောက်ရုတ်သိမ်းခြင်း ကိုပြုမူရန်အကောက်ကြံခံရတတ်သည်။ အလှူမင်္ဂလာ တစ်ခုမှအပြန် ရန်သူဟောင်းများနှင့် ပြန်လည်ဆုံတတ် သည်။ အမျိုးသမီးအကြီးအကဲတစ်ဦးထံမှ အထောက်အကူများရရှိကာ ပြဿနာအခက်အခဲ အလုံးစုံပြေ လည်သွားမည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.