အတိုက်အခံများမည်။ စိတ်အနှောင့်အယှက် များကြုံမည်။ အခက်အခဲကြားမှ အလိုရှိရာဆောင်ရွက်ရမည်။ ဝေဖန်တိုက်ခိုက်သူအလွန်ပေါများမည်။ တစ်ပါးသူကတိအား အလွယ်တကူမယုံသင့်။ ကာလရှည် ကြာ လုပ်ရသည့်ကိစ္စမျိုး စတင်ရန်မသင့်သေး။ မိမိအ ပေါ်ကောင်းမည်ဟုယူဆထားသူများက ဒုက္ခပေးတတ် သည်။ သူတစ်ပါးကြောင့် စီစဉ်ထားသည်များရွှေ့ဆိုင်း ရခြင်းကြုံမည်။ ကျန်းမာရေးဂရုစိုက်ပါ။ အင်္ဂါနေ့၊ ဗုဒ္ဓ ဟူးနေ့မွေးသူများကြောင့် ပြဿနာများဖြစ်တတ်သည်။ ငွေဝင်ကောင်းသည်။ ဤကာလအတွင်းရသည့်ငွေမှန်သမျှမိမိလက်မှတစ်ပါးသူကို ပေးရကိန်းကြုံမည်။ လက်ဝယ်ကြာကြာမခံ။ အလောတကြီးဆောင်ရွက် သည့်ကိစ္စများမှ ပြဿနာဖြေရှင်းရမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.