ဖြစ်ပေါ်လာသည့်ရေးရာကိစ္စအဖြာဖြာအား ဖြတ်ထိုးဉာဏ်သုံး၍လုပ်ကိုင်ဖြေရှင်းပါ။ စနစ်တကျ တွက်ဆပြီးလုပ်သောကိစ္စများမှ အချိန်ကြန့်ကြားခြင်း ဖြစ်စေ၊ ကုန်ကျစရိတ်မြင့်မားခြင်းဖြစ်စေကြံ၍ အကျိုး အမြတ်မရသလိုဖြစ်မည်။ စိတ်လိုက်မာန်ပါ အလုပ် ထွက်ရန်လည်းကောင်း၊ အလုပ်ပြောင်းရန်လည်း ကောင်းဆောင်ရွက်ပါကမျောက်သစ်ကိုင်းလွတ်သလို အဖြစ်ကြံမည်။ ကိုယ်ကမည်မျှကောင်းစေ တုန့်ပြန် ကောင်းကျိုးပေးသူနှင့်တွေ့ကြုံရန် ခက်ခဲမည်။ သူတစ် ပါးနှင့်တွဲဖက်လုပ်သောလုပ်ငန်းများမှ စိတ်အနှောင့်အ ယှက်ကြုံမည်။ စာရွက်စာတမ်း၊ ငွေကြေးကိစ္စ သတိနှင့် ဆောင်ရွက်ပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.