ဆုံးရှုံးထားသောငွေများ ပြန်လည်ရရှိမည်။ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရမည်။ ရင်းနှီးသူ များနှင့် စကားများတတ်သည်။ အိမ်တွင်းရေးပဋိပက္ခဖြစ်မည်။ ချစ်သူနှင့်ခွဲခွာရမည်။ နေအိမ်ကိစ္စပြုပြင်ပြောင်းလဲရန် ကြုံရမည်။ ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်သောကိစ္စများမှာ တိုးတက်မှုရမည်။ သူတစ်ပါးနှင့်အတွေးအခေါ်၊ အကြံအစည်များမတူ ခြားနားနေမည်။ အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့်ပတ်သက်ဆက်နွယ်သော ခရီးများ ဆောင်ရွက် အဆင်ပြေမည်။ မဖြစ်နိုင်ဟုအများက သတ်မှတ်ထားသော လုပ်ငန်းများကို ဖြစ်မြောက်အောင်မြင်အောင် လုပ်ကိုင်နိုင် မည်။ ဆက်ဆံခြင်းမပြုဟု ယတိပြတ်ဆုံးဖြတ်ထားသောသူများနှင့် ပြန်လည်ဆက်ဆံရမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.