Oct 21st မှ Oct 27th ကြား - Find weekly Horoscope in my blog

October 21, 2015

Oct 21st မှ Oct 27th ကြား

တစ်ပါးသူနှင့် ပြိုင်ဆိုင်ဆောင်ရွက်သောကိစ္စတိုင်း၌ အနိုင်ရရှိမည်။ အတတ်ပညာကိုအခြေတည်၍ ဆောင်ရွက် ခြင်းမှ အဆင့်မြင့်တိုးတက်မှုများရရှိမည်။ အကုန်အကျများမည်။ အလုပ်စီးပွား ချဲ့ ထွင်ဆောင်ရွက်အောင်မြင်မည်။ လုပ်သမျှလူသိထင်ရှားဖြစ်မည်။ လျှို့ ဝှက်၍မရ။ အများကိစ္စ၊ အဖွဲ့ အစည်းကိစ္စများတွင် ပါဝင်ဦးဆောင်ရမည်။ ပြည်ပအတတ်ပညာများဆောင်ရွက်အောင်မြင်မည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် ပူးပေါင်းဆောင်ရွက်၍ ကောင်းသောအကျိုးဆက်ရရှိမည်။ လုပ်ငန်းခွင်တွင်တွဲဖက်လုပ်သူ၏ အလုပ်ကိစ္စများကို တာဝန်ယူဖြေရှင်းရမည်။ မိဘအကြီးအကဲကျန်းမာရေးကိစ္စအတွက် တာဝန်ယူဆောင်ရွက်ပေးရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.