October 21, 2015

Oct 21st မှ Oct 27th ကြား

အစကထွင်ပြီးမလုပ်ကြဘဲ မိမိလုပ်သည့်ကိစ္စအဆင်ပြေသည်ကိုတွေ့ မှ လိုက်လံအတုယူကြမည်။ ၎င်းသာမက မိမိအားလည်း တိုက်ရိုက်ဖယ်ရှားလိမ့်မည်။ လူသားတို့ထဲတွင် မနာလို၊ အချောင်လိုက်တတ်သောစိတ် တကယ်ရှိပါ လားဟူသော အတွေ့ အကြုံကိုရမည်။ လမ်းကြောင်းမပြောင်းပါနှင့် အကြံတူနောက်လူသာစမြဲဟူသော ဆိုရိုးကိုဖျောက် ပစ်နိုင်အောင်ကြိုးစားပါ။ ကိုယ့်အရည်အသွေးကိ ပိုမိုမြင့်မားအောင်ကြိုးစားမြှင့်တင်ပါ။ မူလလမ်းကြောင်းတွင် ပိုမိုခိုင်မာကောင်းမွန်ဆောင်ရွက်ပါ။ လမ်းစသစ်များထပ်ထွင်ပါ။ အသစ်အဆန်းများလက်ခံရန် ၀န်မလေးသင့်သော ကာလဖြစ်ပါသည်။ နီးစပ်မှုမှသည်သံယောဇဉ်နှောင်ဖွဲ့ က တည်ငြိမ်အေးချမ်းသောအချစ်ရေး၊ မေတ္တာရေးကိစ္စများ ကြုံတွေ့ မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.