လုပ်နေသောလုပ်ငန်းများ ရပ်တန့်သွားမည်။ စကားကတိပျက်သူများနှင့်တွေ့ မည်။ ပစ္စည်းပျောက်တတ်သည်။ ခါးပိုက်နှိုက်ခံရလိမ့်မည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ခြင်းများ အောင်မြင်မည်။ လူမျိုးကွဲအကျိုးပေးမည်။ အခက်အခဲများကျော်လွှားနိုင်မည်။ မရောက်ဖူးသော အရပ်ဒေသများသို့ သွားရောက်ရလိမ့်မည်။ အိပ်မက်မက်လျှင်၊ တွေးလျှင်ထင်လျှင်မှန်မည်။ ဖြစ်ရပ်အချို့ ကိုကြိုတင်၍ သိမြင်မှုကိုကြုံမည်။ မိဘအကြီးအကဲကျန်းမာရေးချူချာမည်။ အိုး၊ အိမ်၊ ခြံမြေကိစ္စများ စကားပြောဆိုရလိမ့်မည်။ ရန်အတိုက်အခံများကျော်လွှားနိုင်မည်။ ရင်းနှီးသူများနှင့် စကားများရတတ်သည်။ လှည့်စားသူများကြောင့်ပြဿနာများဖြစ်တတ်သည်။ ငွေလက်လွန်တတ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.