အမှုပြဿနာဖြစ်တတ်သည်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ အိမ်တွင်းရေး အပူသောကများရှိနေသည်။ သူတစ်ပါးရှုပ်ထွေးထားသောကိစ္စရေးရာအဖြာဖြာ ကိုယ့်ပြဿနာသဖွယ် ဖြေရှင်းရလိမ့်မည်။ သံယောဇဉ်မထားသင့်သူအား နှောင်ကြိုးတွယ်ငြိခြင်း၊ ကူညီပေးခြင်းငှာ မထိုက် သင့်သောသူအားကူညီပေးခြင်းကြောင့် နာကြည်းဖွယ်ဘ၀သင်ခန်းစာများရရှိမည်။ အသေးအမွှားကိစ္စ ဟုယူဆကာ ပေါ့ပေါ့တန်တန်ဆောင်ရွက်လိုက်သောကိစ္စမှ ပြဿနာများဖြစ်ပေါ်လာတတ်သည်။ ရောင်းမှားဝယ်မှားဖြစ်တတ်သည်။ အရေးကြီးသောစာရွက်စာတမ်းများ ပျောက်ဆုံးမည်။ အာမခံမှုမှား ယွင်းမည်။ အထင်မှားခံရခြင်း၊ အစွမ်စွဲခံရခြင်းများရရှိသည်။ ရုံးရောက်ဂါတ်ရောက်ဖြေရှင်းရမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.