ဗုဒ္ဓဟူး
သင့်အတွက် ဤတပတ်မှ စ၍ အမှောင်ခွင်းပြီး အလင်းရောက် ပေါ်လာသော လမင်းကဲ့သို့ အရာရာ ဆန္ဒ ရှိတာတွေ အောင်မြင်လာမည်။ အလုပ်ရမည်။ ( သို့မဟုတ်) ရာထူးတက်မည်။ ငွေဝင်မည်။ အကောင်အထည်ဖော်ဖြစ်မည်။ စွန့်စားမှု့ လွတ်လပ်စွာလုပ်ကိုင် ရမှု့ တွေ ဖြစ်လာမည်။ အချစ်ရေးမှာ မြန်မလို နှင့် နှေးမည်။ သို့သော် လက်ထပ်မင်္ဂလာ ဖြစ်မည်။ ၂ ဘက်မိဘ အဆင်ပြေသွားမည်။ ချစ်သူရဲ့ အပြစ်တင် မှု့ ပျောက်ကွယ်မည်။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၂
အထူးဟော - သင့်ဆန္ဒတွေအောင်မြင်မည်။
ယတြာ - ဗုဒ္ဓဟူးနေ့ညတွင် သောကြာနံဘုရားကို ဆီမီးပူဇော်ပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.