သောကြာ
စိတ်မြန်သည်။ ဇွဲကောင်းသည်။ အားနာတတ်သည်။ သနားတတ်သည်။ တစ်ယောက်မက ချစ်တတ်သည်။ သံယောဇဉ်ကြီးသည်။ ကိုယ်ချစ်တဲ့သူကို ယူချင်သည်။ မိဘပေးစားတာကို မလိုချင်ပါ။ အိမ်မှ ထွက်ပြေးချင်သည်။ မပြေးလေနှင့် ဒုက္ခရောက်တတ်သည်။ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အတိုက်အခံ၊ မလိုသူတွေရှိနေသည်။ ခရီးဝေးတွေရောက်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ အချင်းချင်း စိတ်ဝမ်းကွဲမည်။ ငွေဝင်မည်။ စီးပွား တက်လာမည်။ အိမ်၊ မြေ၊ ကား၊ စက်တို့ရမည်။ အဟောင်းထွက် အသစ်ဝင်မည်။
အကျိုးပေးဂဏန်း - ၆၊ ၁၊ ၈။
အထူးဟော - သင့်ဆန္ဒပြည့်မည်။
ယတြာ - သောကြာနံဘုရားကို သောကြာနေ့နံနက်တွင် သစ်သီး ၉ မျိုးလှူပါ။ ဆန္ဒပြည့်မည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.