24.7.2015 to 30.7.2015 - Find weekly Horoscope in my blog

July 24, 2015

24.7.2015 to 30.7.2015

သောကြာ
ဤ တပတ်သောကြာသားသမီး တို့၏ စိတ်ဓာတ် တို့သည်ကား မတည်ငြိမ်ဘဲ လေလွင့်နေတတ်၏။ ရည်ရွယ်ချက်တွေလည်း အမျိုးမျိုးချမှတ်တတ်၏။ ဆုံးဖြတ်ချက်တွေလည်း စိတ်ထဲပေါ်လာတိုင်း အမျိုးမျိုး ဆုံးဖြတ်တတ်၏။ အပေါင်းအသင်း က တစ်မျိုး မိသားစု က တဖုံဖြစ်နေတတ်၏။ အရာရာ ဘယ်ကိုယုံရမှန်း မသိဝေဖန် မရ ဖြစ်နေရတတ်ပါသည်။ သင်ကား မိသားစု ထက် အပေါင်းအသင်း ကို ဦးစားပေးတတ်၏။ အပေါင်းအသင်း ပြောစကား ယုံတတ်၏။ အခက်အခဲ တခု ကို ကျော်လွှားချင်၏။ ထိုးဖောက်ချင်၏။ မိသားစု တားမြစ်မှု့ လည်း နားမ၀င်ဖြစ်နေမည်။ ကိန်းခန်း နက္ခတ်အလိုအရ ဤ ကာလ မှာ သင့်ရဲ့ဆောင်ရွက်မှု့ တွေ လွဲမှားနိုင်ပါတယ်။စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အလုပ်မှာ တမျိုး ကျောင်းက တစ်မျိုး ရည်းစားချစ်သူက တစ်မျိုး မိဘသားချင်းက တစ်မျိုး အမျိုးမျိုးတွေ ရှုပ်လာမည်။ မစိုးရိမ်ပါနှင့်။ ဆုံးဖြတ်ချက်ကို အပြီးမချဘဲ စောင့်လိုက်ပါ။ အမှန်အတိုင်း အကောင်းရောက်လာပါမည်။ 
အကျိုးပေးဂဏန်း - ၉ ၊ ၆ ၊ ၈
အထူးဟော - ကံကောင်းလာမည်။ 
ယၾတာ - သစ္သီး ၉ မ်ိဳး အိမ္ဘုရားကပ္ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.