January 01, 2015

Jan 1stမှ Jan7th ကြား

ကံကြမ္မာရဟတ် တစ်ပတ်လည်သည့်ကိန်းကံပေါ်သည်။ ဆိုးခြင်းကာလကိုလွန်မြောက်၍ ကောင်းသောအ ပြောင်းအလဲနှင့် အောင်မြင်မှုတို့ကိုရရှိမည်။ အတိတ်ကာလမိမိအပေါ်အနိုင်ယူဗိုလ်ကျဒုက္ခပေးခဲ့သူများအပေါ် အသာစီး မှထိန်းချုပ်နိုင်မည်။ မတော်မတရားပြုမှားခဲ့သူများအပေါ် လက်စားတုန့်ပြန်နိုင်သော အခြေအနေကိုရမည်။ စိတ် သဘောထားကြီးမြတ်စွာနှင့် အရာရာအပေါ်ခွင့်လွှတ်ရန် အခါသင့်သည်။ ဆုံးရှုံးထားသည်များကို ပြန်လည်ရရှိမည်။ ရပ်တန့်ထားသည်များကို အောင်မြင်မှုမရခဲ့သောကိစ္စရေးရာဖြစ်အဖြာဖြာကို စနစ်တကျပြန်လည်ဆောင်ရွက်ကာ ပြီး မြောက်အောင်မြင်ခြင်းကို စနစ်တကျပြန်လည်ဆောင်ရွက်ကာ ပြိးမြောက်အောင်မြင်ခြင်းကို ရရှိမည်။ မြှုပ်နှံထားသော ငွေကြေးမှ အကျိုးအမြတ်နှင့် ပြန်လည်ရရှိခြင်း၊ ပြန့်ကျဲနေသောငွေကြေးတို့ကိုလည်း ပြန်လည်စုစည်းနိုင်မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.