January 03, 2015

29.12.2014 to 4.1.2015

အင်္ဂါ

ငါသိ ငါတတ် ငါဆရာလုပ်တတ်ပြီး ဦးဆောင် ဦးရွက်ပြုတတ်သူဖြစ်၍ အရာရာမှာထင်ပေါ်သူဖြစ်လာပါလိမ့်မယ်။ အောင်မြင်မှုတွေလည်းရမယ်။ ချစ်သူတွေလည်းအသစ် အသစ်တွေများလာမယ်။ လက်ဆောင်ပစ္စည်းလေးတွေလည်း ရလာမယ်။ အခက်အခဲ အတိုက်အခံတွေကျော်လွှားဖြစ်မယ်။ ငွေများစွာဝင်ပါလိမ့်မယ်။ အမွေ (သို့) ငွေကြေး၊ တိုက်တာဝင်ပါမယ်။ ယာဉ်၊ စက်တို့ပြောင်းလဲမှု ဝင်၊ ထွက်မှုဖြစ်မယ်။ အလုပ်အကိုင်ကောင်းပါတယ်။ အောင်မြင်သူ ဖြစ်လာပါမယ်။ 
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - ကံကောင်းပါတယ်။ 
ယတြာ - အင်္ဂါနံနက်တွင် အိမ်ဘုရားကိုအောင်သပြေ ၁၉ ညွန့်၊ အုန်း ၆ ညွန့်ကပ်၍ ဆုတောင်းပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.