တနလာၤ
ရည်ရွယ်ချက် များထဲမှ တစ်ချို့ အောင်မြင်မှာပါ။ ဆုံးဖြတ်ချက် မမြန်ဘဲ ဆန္ဒ မစောဖို့ လိုပါတယ်။ ရည်ရွယ်ချက် ရှိသော ခရီးထက် ရည်ရွယ်ချက်မရှိဘဲ ခရီးထွက်ရပါလိမ့်မည်။ အလုပ်အတွက် ကောင်း သတင်းကြားရမည်။ ရာထူးတက်၊ လစာတိုးမည်။ ပြောင်းလဲမှု့ နှင့် ပြောင်းရွှေ့မှု့ တွေ ဖြစ်မည်။ ရစရာငွေကြေးမရတတ်သေးပါ။ စက် ၊ မြေ တို့ ပြောင်းလဲ ၊ ဝင်ထွက်မည်။ အချစ်ရေးမှာ အတိုက်အခံ ကြုံမည်။ တယူဿန် တဇွတ်ထိုး လုပ်ကိုင်မှု့ များ အရမ်းမပြုသင့်ပါ။ တရားမျှတမှု့ မှန်ကန်မှု့ တွေကို နှစ်သက်သော သင့်ရဲ့ စိတ်ကြောင့် စိတ်ဆင်းရဲ မှု့ ကြုံရတတ်ပါတယ်။ ကျန်းမာရေး ကောင်းလာပါမည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - အောင်မြင်သူ ဖြစ်လာမည်။
ယတြာ - တနင်္လာနေ့ နံနက် တွင် ငါးအရှင် သက်စေ့ ဝယ်၍ အရှေ့ အရပ်ရှိ ရေကြောင်းထဲသို့ လွှတ်လိုက်ပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.