အမှုပြဿနာဖြေရှင်းရမည်။ ရန်အတိုက်အခံ များနှင့် ထိပ်တိုက်တွေ့မည်။ အိမ်တွင်းရေး၊ လူမှုရေးပြဿနားများဖြစ်မည်။ ဥပဒေနှင့်မကင်းသောကိစ္စများရှောင်ကြဉ်ပါ။ လောင်းကစားပွဲများ၊ ရန်ပွဲများအကြား ပတ်သက်ဖြေရှင်းရခြင်းကြုံမည်။ မူးယစ်သောသူတစ် ဦးအားလိုက်လံကူညီရင်း ရုံးရောက်ဂါတ်ရောက်အမှုဖြစ်တတ်သည်။ စာရွက်စာတမ်းအတုအယောင်များ နှင့် လိမ်ညာခံရခြင်းကြုံမည်။ တစ်ပါးသူငွေကြေးယူငင် အာမခံ၍ အလုပ်စီးပွားမလုပ်ရ။ ဆုံးရှုံးတတ်သည်။ လိမ်ညာလှည့်စားမည်ကိုသိလျက်နှင့် လိမ်ညာခံရခြင်း ကြုံမည်။ အချစ်မှား၊ ဆုံးဖြတ်ချက်မှားမည်။ သံယောဇဉ်မထားသင့်သူကိုထားခြင်းကြောင့် စိတ်သောကကြုံ တတ်သည်။ မိသားစုပြဿနာများလည်း ဖြေရှင်းရမည်။အိမ်တွင်လူဝင်လူထွက်များမည်။ ပစ္စည်းပျောက်တတ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.