December 17, 2018

Dec 17th မှ Dec 23thကြား

 အခွင့်အရေးယူသူများ၊ ခုတုံးလုပ်သောသူ များကြောင့် ပြဿနာများဒိုင်ခံဖြေရှင်းရမည်။ သူတစ် ပါးအတွက် အနစ်နာခံရကိန်းကြုံမည်။ ကျေးဇူးမသိသူ များကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။ စီစဉ်ထား သည်များ ကသောင်းကနင်းဖြစ်မည်။ ငွေကြေးအကုန် အကျများမည်။ ကိုယ်ကျွမ်းကျင်သောကိစ္စအပေါ်မသိ
သူကဆရာလုပ်၍ ပြောဆိုလာခြင်းအားသည်းခံ၍ မ တတ်သယောင်ပြုပါ။ ချုပ်တည်းသည်းခံ၍ အခွင့် ကောင်းကိုရရှိမည်။ မိသားစုစုစည်းမှုအတွက် ဆောင် ရွက်ခြင်းများအဆင်ပြေမည်။ မိတ်ဟောင်းဆွေဟောင်း များနှင့် ပြန်လည်ဆုံစည်းမည်။ ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံခြင်းမပြုရ။ ဆုံးရှုံးနစ်နာစရာများကြုံမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.