အပြိုင်အဆိုင် အားလုံးကို ကျော်လွှားနိုင် မည်။ ယှဉ်ပြိုင်၍လုပ်ဆောင်သောကိစ္စတို့မှ ထင်ရှား သောတိုးတက်မှုများရရှိမည်။ တစ်ခုထက်မကသောအ လုပ်ကိစ္စများကို လုပ်ကိုင်ရမည်။ နာမည်အောင်မြင်မှုနှင့်တက်လမ်းများပွင့်ပေါ်မည်။ အသုံးစရိတ်သည်ပုံမှန် ထက်ကြီးမြင့်နေမည်။ အတတ်ပညာကိုအခြေတည်၍ ဘဝတိုးတက်မှုကို ဖန်တီးနိုင်မည်။ စက်ပစ္စည်း၊ လျှပ် စစ်ပစ္စည်းများ အပျက်အယွင်းများမည်။ အိမ်ရှိဒုတိယ အသက်ကြီးသူ၏ကျန်းမာရေးဂရုစိုက်ရမည်။ နေအိမ် သို့လာရောက်လည်ပတ်သောဧည့်သည်တို့၏ကလေး များ မတော်တဆလဲပြိုခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်မည်။ အကြီးအကဲများကျန်းမာရေးအညံ့ကြုံက မပေါ့သင့်။ လုပ်ငန်းသစ်များလုပ်ကိုင်ခြင်းထက် လုပ် ကိုင်နေဆဲလုပ်ငန်းတို့ကို ချဲ့ထွင်ဆောင်ရွက်ခြင်း၊ ထပ် မံ၍ ငွေမြှုပ်နှံခြင်းပြုသင့်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.